DVB Logo
Home
နိုင်ငံရေး
တိုင်းရင်းသားညီလာခံ ဇန်န၀ါရီ ၂၀ ကျင်းပမည်
DVB
·
December 23, 2013
တိုင်းရင်းသားညီလာခံ ဇန်န၀ါရီ ၂၀ ကျင်းပမည်
Donate to DVB

ဒုတိယအကြိမ်မြောက် တိုင်းရင်းသားညီလာခံကို လာမယ့် ၂၀၁၄ ဇန်န၀ါရီလ ၂၀ ကနေ ၂၂ အထိ သုံးရက်တာ ကျင်းပမယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (ပီအန်အယ်လ်အို) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

[caption id="attachment_48277" align="alignright" width="300"]ပထမအကြိမ် တိုင်းရင်းသားညီလာခံ(လိုင်ဇာမြို့) ပထမအကြိမ် တိုင်းရင်းသားညီလာခံ(လိုင်ဇာမြို့)[/caption]

အကြိမ်မြောက် တိုင်းရင်းသားညီလာခံ

ဒီညီလာခံကို ကရင်အမျိုးသားအစည်းအရုံးက ဦးဆောင်ပြီး ကေအန်ယူဌာနချုပ် လေးဝါး (ခေါ်) လော်ဃီးလာမှာ ကျင်းပမှာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲပြီးတာနဲ့ တပြိုင်နက် ဇန်န၀ါရီလ ၂၄ ရက်ကနေ ၂၆ ရက်နေ့အထိ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မ တီက တာဝန်ရှိသူတွေနဲ့ ကရင်ပြည်နယ် ဘာအံမြို့မှာ တွေ့ဆုံမယ်လို့ ခွန်မြင့်ထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ပထမအကြိမ် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ညီလာခံကို အောက်တိုဘာလ ကုန်ပိုင်းက ကချင်လွတ်မြောက်ရေးအဖွဲ့က ဦးစီးပြီး လိုင်ဇာမှာ ကျင်းပခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013