DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းက အလုပ်ထုတ်ခံ CDM ဝန်ထမ်းများကို စစ်ကောင်စီ လျော်ကြေးတောင်း
DVB
·
September 25, 2021
ဧရာဝတီတိုင်းက အလုပ်ထုတ်ခံ CDM ဝန်ထမ်းများကို စစ်ကောင်စီ လျော်ကြေးတောင်း
Donate to DVB

ဧရာဝတီတိုင်းအတွင်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း CDM မှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေကို စစ်ကောင်စီက ခွင့်မဲ့ပျက်ကွက်တယ်ဆိုကာ သက်ဆိုင်ရာဌာနအသီးသီးက ဝန်ထမ်းတွေကို ထုတ်ပယ်ခဲ့ပြီး လျော်ကြေးပြန်တောင်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အလုပ်ထုတ်ပယ်ခံလိုက်ရတဲ့ CDM ဝန်ထမ်းတွေထဲမှာ လုပ်သက် မပြည့်သေးတဲ့ ဝန်ထမ်းတွေ ပါဝင်တာကြောင့် အလုပ်စဝင်တုန်းက စာချုပ်အတိုင်း သတ်မှတ်လျော်ကြေးငွေကို စက်တင်ဘာ ဒုတိယပတ်က စတင်ကာ ပြန်တောင်းတာလို့ CDM ဝန်ထမ်းတဦးကပြောပါတယ်။

လျော်ကြေးအတောင်းခံနေရတဲ့ ဝန်ထမ်းတဦးက "စာချုပ်ထဲမှာတော့ ပါတာက လုပ်သက်မပြည့်ခင် အလုပ်ထွက်ရင် ဘယ်လောက်ပေးရမယ်ဆိုတာ ပါတယ်၊ ခုက ထွက်တာ မဟုတ်ဘူး ထုတ်ပယ်ခံရတာဆိုတာ အဲ့အချက်ကို ပြန်ပြောရမယ်၊ အတောင်းခံရတဲ့ လူများတယ်” လို့ ပြောပါတယ်။

စစ်အာဏာရှင်ကိုဆန့်ကျင်ပြီး CDM မှာပါဝင်ခဲ့တဲ့ ဝန်ထမ်းများရဲ့ သုံးပုံတစ်ပုံလောက်မှာ လုပ်သက်မပြည့်သေးတဲ့သူတွေဖြစ်လို့ လုပ်သက်ပြည့်အောင်မလုပ်ပေးတဲ့ လျော်ကြေးပေးဆောင်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေတယ်လို့ ဆိုပါတယ်။

လုပ်သက်လျော်ကြေးပေးသွင်းဖို့အတွက် သက်ဆိုင်ရာမြို့နယ်တွေမှာ ပေးသွင်းရမှာဖြစ်ပြီး စာရင်းကို သက်ဆိုင်ရာဌာနအလိုက်ပြန်လည်တင်ပြဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013