DVB Logo
Home
ပညာရေး/နည်းပညာ
တက္ကသိုလ်ကျောင်းသားများ အဆောင်နေရန် စနစ်တကျ စီစဉ်ထား
DVB
·
December 23, 2013
တက္ကသိုလ်ကျောင်းသားများ အဆောင်နေရန် စနစ်တကျ စီစဉ်ထား
1 / 2
Donate to DVB

၂၀၁၃- ၁၄ ပထမ ပညာသင်နှစ်ဝက်မှာ တက္ကသိုလ်နဲ့ ဒီဂရီကောလိပ် ၂၅ ခုထဲက ၂၃ ခုမှာ ကျောင်းသူနဲ့ ကျောင်းသားတွေအတွက် အဆောင်စနစ် ထားပေးမယ်လို့ ပညာရေးဝန်ကြီးဌာန အောက်ရှိ အဆင့်မြင့်ပညာဦးစီးဌာန(အထက်မြန်မာပြည်)ရဲ့ ညွှန်ချုပ် ဒေါက်တာသိန်းဝင်းက ပြောပါတယ်။

y3ဒီဇင်ဘာ ၂၂ ရက်နေ့ နေပြည်တော် ပညာရေးဝန်ကြီးဌာနမှာ လုပ်တဲ့ တက္ကသိုလ်နဲ့ ဒီဂရီကောလိပ်တွေမှာ အဆောင်စနစ် ထားရှိတာနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

တက္ကသိုလ်နဲ့ ကောလိပ်တည်ရှိရာ သက်ဆိုင်ရာမြို့နယ်တွေရဲ့ စည်ပင်သာယာ နယ်နိမိတ် ပြင်ပမှာ နေတဲ့ ပထမနှစ်ကျောင်းသားတွေကို ဦးစားပေး နေခွင့်ပေးမယ်၊ အဆောင်နေခ ၁ လ ကျပ် ၅ ထောင် ပဲ သတ်မှတ်ထားတယ်။

တကယ်လို့ အဆောင်မလောက်ရင် တက္ကသိုလ်ဝင်တန်းအောင် အမှတ်ရလဒ်တွေကို ကြည့်ပြီး အမှတ်များသူတွေကို ဦးစားပေးသွားမယ်၊ အခြား နေထိုင်စားသောက်ရေး ကိစ္စတွေကိုလည်း သက်ဆိုင်ရာ ပါမောက္ခချုပ်တွေနဲ့ ကျောင်းအုပ်ကြီးတွေက စီစဉ်ပေးသွားမယ် ခုလို စီစဉ်ပေးရတာဟာ တက္ကသိုလ်ကျောင်းသားတွေအနေနဲ့ University Life, University Atmosphere ရစေချင်လို့ ဖြစ်ကြောင်း ဒေါက်တာသိန်းဝင်းက ပြောခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013