
မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အမေရိကန်ဒေါ်လာ ၂၇ သန်းနဲ့ ညီမျှတဲ့ ယူရိုငွေ သန်း ၂၀ ကူညီမယ်လို့ အီတာလျံ အကူအညီပေးရေးအဖွဲ့က အဆိုပြုထားတယ်လို့ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က သတင်းထောက်တွေကို ပြောပါတယ်။
[caption id="attachment_48991" align="alignright" width="300"]
မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်[/caption]ဒီဇင်ဘာ ၂၁ ရက်နေ့က ရန်ကုန် ငြိမ်းချမ်းရေးစင်တာမှာ လုပ်တဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ ထူထောင်ရေး အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဘဏ်ကလည်း ဒေါ်လာ သန်း ၈၀ အကူအညီပေးမယ်လို့ ကတိပြုထားပြီးဖြစ်ပါတယ်။
ကမ္ဘာ့ဘဏ်ကတော့ အဆင်းရဲဆုံး မြို့နယ် ၁၅ ခုကို ၃ နှစ်စီမံကိန်းနဲ့ အကူအညီပေးမှာ ဖြစ်ပြီး အီတာလျံ အကူအညီပေးရေးအဖွဲ့ကလည်း အလားတူ စီမံကိန်းမျိုး ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။











