DVB Logo
Home
မြန်မာသတင်း
ဆောက်လုပ်ရေးနှင့် အိုးအိမ်ဘဏ် ခုလ မကုန်ခင် ဖွင့်မည်
DVB
·
December 23, 2013
ဆောက်လုပ်ရေးနှင့် အိုးအိမ်ဘဏ် ခုလ မကုန်ခင် ဖွင့်မည်
Donate to DVB

ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို အဓိက အကူအညီပေးမယ့် ဆောက်လုပ်ရေးနဲ့ အိုးအိမ်ဘဏ်ကို အခု ၂၀၁၃ ဒီဇင်ဘာ နှစ်မကုန်ခင် ဖွင့်လှစ်မယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးသာဌေးက ပြောပါတယ်။

old buildingဒီဇင်ဘာ ၂၁ ရက်နေ့ ရန်ကုန် ဆောက်လုပ်ရေးလုပ်ငန်းရှင်အသင်းရဲ့ အစည်းအဝေး ခန်းမမှာ ကျင်းပတဲ့ ရန်ကုန်မြို့အတွင်း မြေအသုံးချမှုနဲ့ အဆောက်အဦ တည်ဆောက်မှုဇုန် ခွဲခြားမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှာ သူက ခုလို ပြောတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ သူက ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ အဓိက ကြုံနေရတဲ့ အခက်အခဲတွေက ငွေကြေးဆိုင်ရာ အခက်အခဲ၊ နည်းပညာဆိုင်ရာ အခက်အခဲနဲ့ အစိုးရရဲ့ မူဝါဒေရေးရာဆိုင်ရာ မသဲကွဲမှု အခက်အခဲတွေ ဖြစ်ကြောင်း၊ ဒီအထဲကမှ ငွေရေးကြေးရေးဆိုင်ရာ လိုအပ်ချက် အခက်အခဲကို ဖြေရှင်းနိုင်ဖို့ ဆောက်လုပ်ရေးနဲ့ အိုးအိမ်ဘဏ်ကို တည်ထောင်ရခြင်း ဖြစ်ကြောင်း၊ ဘဏ်နဲ့ ဆိုင်တဲ့ ကိစ္စရပ်အားလုံး လုပ်ကိုင်ဆောင်ရွက်ပြီးဖြစ်လို့ မကြာခင် ဖွင့်ပွဲ လုပ်ဖို့ပဲ ကျန်တော့ကြောင်း သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013