DVB Logo
Home
မြန်မာသတင်း
တပ်မတော်နဲ့ဆက်နွယ်နေတဲ့ အကျဉ်းသားတချို့ကြောင့် လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရန်ခက်ခဲ
DVB
·
December 22, 2013
တပ်မတော်နဲ့ဆက်နွယ်နေတဲ့ အကျဉ်းသားတချို့ကြောင့် လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရန်ခက်ခဲ
Donate to DVB

လက်ရှိ ညှိနှိုင်း ဆွေးနွေးမှုတွေအရ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်ရှိပြီး အဲဒီနိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး စိစစ်ညှိနှိုင်းကာ နိုင်ငံတော် သမ္မတော်ဆီကို တင်ပြသွားမယ်လို့ နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးဘိုကြည်က ပြောပါတယ်။

prisonerပြီးခဲ့တဲ့ ၂၁ ရက်နေ့က မြန်မာငြိမ်းချမ်းရေးစင်တာမှာ လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီနဲ့ အစိုးရ၀န်ကြီးအဖွဲ့က အစည်းအဝေး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အခုချိန်ထိတော့ နိုင်ငံရေးအကျဉ်းသားအဖြစ် အကျုံးဝင်သူတွေကို စိစစ်ညှိနှိုင်းနေဆဲ ဖြစ်ပြီး တချို့ အကျဉ်းသားတွေက တပ်မတော်နဲ့ ဆက်နွယ်မှု ရှိနေတဲ့အတွက် လက်ကျန်နိုင်ငံရေး အကျဉ်းသားအရေအတွက် အတိအကျ ထွက်ရှိလာဖို့ ခက်ခဲနေတာ ဖြစ်တယ်လို့ ဦးဘိုကြည်က ပြောပါတယ်။

ဒါပေမယ့် လက်ကျန်နိုင်ငံရေးအကျဉ်းသားအရေအတွက်ကို အမြန်ဆုံး စိစစ်ပြီး နိုင်ငံတော် သမ္မတဆီကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တင်ပြ တောင်းဆိုသွားမယ်လို့လည်း ဆိုပါတယ်။ လောလောဆယ် စာရင်းအရ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းကလူတွေ အများဆုံး ပါဝင်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တုန်းကလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ အကျဉ်းထောင် အသီးသီးက နိုင်ငံရေးအကျဉ်းသား ၄၀ လောက် ပြန်လွှတ်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013