DVB Logo
Home
မြန်မာသတင်း
ဒေါပုံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၂ ရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ဟု G-20 UBPO အဖွဲ့ကြေညာ
DVB
·
September 23, 2021
ဒေါပုံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၂ ရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ဟု G-20 UBPO အဖွဲ့ကြေညာ
Donate to DVB

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၂ ရုံးကို ဗုံးခွဲခဲ့တာ သူတို့လက်ချက်ဖြစ်တယ်လို့ G-20 UBPO အဖွဲ့က ထုတ်ဖော်ကြေညာပါတယ်။ 

စက်တင်ဘာ ၂၂ရက် မနက် ၁၁ နာရီလောက်မှာ ဒေါပုံသင်္ဘောကျင်း  မြို့သစ်ရပ်ကွက်၊ ဇေယျာသီရိလမ်း ရပ်ကွက်အုပ်ချုပ်ရေးရုံးနဲ့ မွန်းလွဲ ၁၂ နာရီခွဲလောက်မှာ ယမုံနာလမ်းမကြီးပေါ်ရှိ ဇေယျာသီရိ ရပ်ကွက်ကောင်စီရုံးတို့ကို ဗုံးဖောက်ခွဲခဲ့တာလို့ဆိုပါတယ်။

အဆိုပါ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ပျက်စီမှုအခြေအနေနဲ့ လူတွေ ထိခိုက်ဒဏ်ရာရမှု ရှိမရှိတော့ မသိရသေးပါဘူး။

စစ်ကောင်စီနဲ့ စပ်နွှယ်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြည်သူကို ဒုက္ခရောက်အောင် လုပ်နေတဲ့ ဒလန်တွေရဲ့နေအိမ်တွေ၊ စီးပွားရေးဆိုင်ရာ အဆောက်အအုံတွေကို ဖောက်ခွဲဖျက်ဆီးသွားမယ်လို့လည်း G-20 UBPO အဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီ လက်ပါးစေ စစ်တပ်၊ ရဲ၊ သတင်းပေး၊ ဒလန်တွေကို အမြစ်ပြတ်တိုက်ခိုက်သွားမှာ ဖြစ်ပေမဲ့ ပြည်သူတွေ ထိခိုက်မှုမရှိအောင် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ် စောင့်ရှောက်သွားမယ်လို့လည်း စက်တင်ဘာ ၂၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013