DVB Logo
Home
မြန်မာသတင်း
အလုပ်သမား ၁၀၀၀ ကျော်လုပ်ကိုင်​နေသည့် Myanmar Unique အထည်ချုပ်စက်ရုံပိတ်
DVB
·
September 22, 2021
အလုပ်သမား ၁၀၀၀ ကျော်လုပ်ကိုင်​နေသည့် Myanmar Unique အထည်ချုပ်စက်ရုံပိတ်
Donate to DVB

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ အလုပ်သမားတစ်​​ထောင်​ကျော်နဲ့ လည်ပတ်​နေတဲ့ ​​Myanmar Unique အထည်ချုပ်စက်ရုံကို စက်တင်ဘာ ၂၁ ရက်မှာ ပိတ်သိမ်းလိုက်ပါတယ်။ 

အော်ဒါအထည်လျော့နည်းလာပြီး တခြားအခြေအနေတွေကြောင့် ဆက်လက်လည်ပတ်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် ပိတ်သိမ်းလိုက်တာလို့သိရကြောင်း စက်ရုံ လုပ်သားခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

Myanmar Unique အထည်ချုပ်စက်ရုံကို လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက ဖွင့်လှစ်ခဲ့တာပါ။ 

စစ်အာဏာသိမ်းပြီးနောက် အထည်ချုပ်စက်ရုံတွေ ပိတ်သိမ်းတာ၊ လုပ်သားအင်အား လျှော့ချတာတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ 

Myanmar Unique အထည်ချုပ်စက်ရုံဟာ ၇ လ အတွင်း ပိတ်သိမ်းခဲ့တဲ့ စက်ရုံတွေထဲမှာ လုပ်သားအင်အား အများဆုံးစက်ရုံကြီးတစ်ခု ဖြစ်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေက ဆိုပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် လုပ်ငန်းကဏ္ဍအရပ်ရပ်မှ လုပ်သားအင်အား ၅ သိန်းကျော် အလုပ်လက်မဲ့ဖြစ်ပေါ်နေပြီး အရေအတွက်တိုးလာနိုင်သေးတယ်လို့ သူတို့က ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ အလုပ်လက်မဲ့ပြဿနာ ကြီးထွားနေမှုအပေါ် အ​ရေးတယူဖြေရှင်းပေးတာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013