DVB Logo
Home
မြန်မာသတင်း
ပူတာအိုခရိုင်တွင် အသက် ၆၀ ကျော်‌အရွယ်များအား ပြည်သူ့စစ်သင်တန်း တက်ခိုင်းနေ
DVB
·
September 22, 2021
ပူတာအိုခရိုင်တွင် အသက် ၆၀ ကျော်‌အရွယ်များအား ပြည်သူ့စစ်သင်တန်း တက်ခိုင်းနေ
Donate to DVB

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်မှာ KIA၊ PDF တွေကို  အပြတ်ရှင်းဖို့အတွက်ဆိုပြီး စစ်ကောင်စီက စည်းရုံးကာ အသက် ၆၀-၇၀ အရွယ် အသက်ကြီးသူတွေကို ပြည်သူ့စစ်သင်တန်းတက်ခိုင်းနေတယ်လို့ ပူတာအိုဒေသခံတွေက ဒီဗွီဘီကို  ပြောပါတယ်။

ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်အခြေစိုက် ဌာနေပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်တွေဟာ ပြည်သူ့စစ်သင်တန်းဖွင့်လှစ်ဖို့ ‌ပူတာအိုမြို့နယ်၊ နောင်မွန်မြို့နယ်နဲ့ ခေါင်လန်ဖူးမြို့နယ်တို့မှာ တစ်ရွာ၀င်တစ်ရွာထွက် သင်တန်းသားသစ်စုဆောင်းနေကြပြီး သင်တန်း‌တက်ရောက်သူမရှိတဲ့အဆုံး ခုလို သက်ကြီးပိုင်းတွေကို ဦးတည်ကာ ပြည်သူ့စစ်သင်တန်း တက်ရောက်စေတာဖြစ်ကြောင်း သိရပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင်များက ပူတာအိုခရိုင် ၃မြို့နယ်မှာ တစ်ပြိုင်တည်း တစ်ရက်တည်းမှာ ပြည်သူ့သင်တန်းဖွင့်လှစ်ရန် စည်းရုံးခဲ့ပေမဲ့ သင်တန်းတက်ရောက်မရှိတဲ့အတွက် ပူတာအိုမြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်တို့မှာ သင်တန်း‌ရက်ကို ရွေးဆိုင်းထားရတယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်တွေက အသက်၆၀-၇၀ အရွယ် လူကြီးတွေကို ခုလိုပြည်သူ့စစ်သင်တန်းတက်ဖို့ စည်းရုံးကာ စစ်သင်တန်းတက်ခိုင်းတာက အသိဉာဏ်မရှိလို့ ဖြစ်တယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရ၀မ်လူမျိုး တိုင်းရင်းသားရေးရာ၀န်ကြီးအဖြစ်ရွေးချယ်ခံရသူ ဦးဂျန်းဂျော်ရမ်ကလည်း "အသက်၆၀-၇၀ ကျော်လူကြီးတွေကို စစ်သင်တန်းတက်စေတာက နိုင်ငံတကာ စစ်ဥပဒေနဲ့မညီပါဘူး ဒါကြောင့် ဒီလုပ်ရပ်အား အပြင်းထန် ကန့်ကွက်ရှုတ်ချတယ်” လို့  သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသား ဖော်ပြထားပါတယ်။

ဒေသခံအမျိုးသမီးတစ်ဦးက  "ကျမ အဖေရဲ့မိတ်ဆွေတစ်ယောက်ဆို အဖေနဲ့ရွယ်တူ အသက် ၈၀ လောက်ရှိပြီ  ဒီလိုအရွယ်ကို ပြည်သူ့စစ်သင်တန်းတက်စေခဲ့တဲ့သူတွေကို ဘယ်လိုမှ နားမလည်တော့ဘူးလို့" ဆိုပါတယ်။

ခုလို သက်ကြီးရွယ်အိုတွေကို စစ်ကောင်စီက ပြည်သူ့စစ်သင်တန်း တက်ခိုင်းစေတဲ့ ကိစ္စအပေါ် ပူတာအိုဒေသခံ ပြည်သူတွေကလည်း ၀မ်းနည်းကြောင်းသူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အသီးသီး ရေးသားနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013