ရှမ်းပြည်နယ်၊ လောက်ကိုင်-ချင်းရွှေဟော်လမ်းမှာ မိုးရွာသွန်းမှုကြောင့် စက်တင်ဘာ ၂၁ ရက်က ယာဉ်မတော်တဆတိုက်မှု ဖြစ်ပွားပြီး အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။
မနေ့မွန်းလွဲ ၂ နာရီ မိနစ် ၅၀ လောက်က လောက်ကိုင်-ချင်းရွှေဟော်လမ်း၊ မိုင်တိုင်အမှတ် (၁၇/၃)မှာ လောက်ကိုင်မြို့မှ မောင်းနှင်လာတဲ့ Mark II အဖြူရောင်ကာတစ်စီးဟာ မိုးရွာသွန်းမှုကြောင့် အရှိန်မထိန်းနိုင်ဘဲ လမ်းချော်သွားကာ တစ်ဖက်ယာဉ်ကြောမှ မျက်နှာချင်းဆိုင် မောင်းနှင်လာတဲ့ ၁၀ ဘီးကားနဲ့ ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။
ယာဉ်တိုက်မှုဖြစ်ပွားရာနေရာကို မီးသတ်တပ်ဖွဲ့တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်း သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး သေဆုံးသွားတဲ့ Mark II ယာဉ်ပေါ်ပါ ယာဉ်မောင်း အမျိုးသား ၁ဦးနဲ့ လိုက်ပါလာတဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း ၃ ဦးကို လောက်ကိုင်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Photo- MFS