DVB Logo
Home
မြန်မာသတင်း
စလင်းမြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒုတိယအကြိမ် ဖမ်းဆီးခံရ
DVB
·
September 22, 2021
စလင်းမြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒုတိယအကြိမ် ဖမ်းဆီးခံရ
Donate to DVB

မကွေးတိုင်း၊ စလင်းမြို့နယ်က အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးသက်ခိုင်ကို စက်တင်ဘာ ၂၁ ရက်နေ့  နေ့လယ်ပိုင်းက ဒုတိယအကြိမ်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နီးစပ်သူတဦးက “ရဲနဲ့စစ်သားတွေက စခန်းခဏလိုက်ခဲ့ပါဆိုပြီး လာခေါ်သွားတာ။ ပြန်မလာလို့ စုံစမ်းကြည့်တော့မှ စလင်းမြို့ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရတာပါ” လို့ ပြောပါတယ်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်ဟာ အကြမ်းဖက်စစ်ကောင်စီက အာဏာစသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပထမအကြိမ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာကာ အခုဒုတိယအကြိမ် ထပ်မံဖမ်းဆီးခံရတာလို့ မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

စလင်းမြို့နယ်၊ အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင် ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ ဒီဗွီဘီက စလင်းမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းတဲ့အခါ အထက်အမိန့်အရ ဖြေဆိုခွင့်မရှိဘူးလို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

မကွေးတိုင်း၊ အောင်လံမြို့မှာလည်း စက်တင်ဘာ ၂၁ ရက်နေ့မနက်ပိုင်းမှာ ပြည်မြို့က ပရဟိတသမား ကိုမျိုးနိုင်နဲ့အတူ နောက် ၁ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးသွားတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013