DVB Logo
Home
မြန်မာသတင်း
ပြည်တွင်း ကုမ္ပဏီ ၁၀၀ ကို မှတ်ပုံတင်စာရင်းမှ ထပ်မံပယ်ဖျက်၊ ၃ လအတွင်း ဖျက်သိမ်းခံ ကုမ္ပဏီ ၇၀၀ ခန့်ရှိလာ
DVB
·
September 21, 2021
ပြည်တွင်း ကုမ္ပဏီ ၁၀၀ ကို မှတ်ပုံတင်စာရင်းမှ ထပ်မံပယ်ဖျက်၊ ၃ လအတွင်း ဖျက်သိမ်းခံ ကုမ္ပဏီ  ၇၀၀ ခန့်ရှိလာ
Donate to DVB

နှစ်စဉ် အစီရင်ခံစာ  (Annual Return)တင်ပြဖို့ ပျက်ကွက်ခဲ့တဲ့ ပြည်တွင်း ကုမ္ပဏီ ၁၀၀ကို ကုမ္ပဏီ မှတ်ပုံတင်စာရင်းကနေ စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ထပ်မံပယ်ဖျက်လိုက်ပါတယ်။

အဆိုပါ ကုမ္ပဏီ ၁၀၀ ကို   မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေအရ မှတ်ပုံတင်စာရင်းက ပယ်ဖျက်ကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက  စက်တင်ဘာ ၁၃ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်အသိပေးခဲ့တာဖြစ်ပါတယ်။

ဒါဟာ စက်တင်ဘာလအတွင်း ဒုတိယအကြိမ် အဖြစ်နဲ့ ကုမ္ပဏီမှတ်ပုံတင်စာရင်းက ပယ်ဖျက်လိုက် တဲ့ကုမ္ပဏီစာရင်းကို ထုတ်ပြန်ပေးခဲ့တာဖြစ်ပြီး  ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့ကလည်း    Annual Return တင်ပြဖို့ ပျက်ကွက်ခဲ့တဲ့ ကုမ္ပဏီ ၁၀၀ ခုကို စာရင်းကနေ ပယ်ဖျက်ခဲ့ပါတယ်။

ဦးစီးဌာနကထုတ်ပြန်တဲ့ စာရင်းတွေအရ  ကုမ္ပဏီ မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်ခံတဲ့ ကုမ္ပဏီ သြဂုတ်လအတွင်းမှာ ကုမ္ပဏီ ၂၀၀  ၊ ဇူလိုင်လအတွင်းမှာ ကုမ္ပဏီ  ၃၀၀ လောက်ရှိပါတယ်။  ဒါကြောင့် နှစ်စဉ်အစီရင်ခံစာ (Annual Return)တင်ပြဖို့ ပျက်ကွက်လို့ မှတ်ပုံတင်စာရင်းက ပယ်ဖျက်ခံရတဲ့ ကုမ္ပဏီပေါင်းဟာ ပြီးခဲ့တဲ့  ၃ လအတွင်း ၇၀၀ ခန့် ရှိလာပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအရ ကုမ္ပဏီအားလုံးဟာ Myanmar Companies Online (My Co)မှာ နှစ်စဉ် အစီရင်ခံစာ (Annual Return-AR)ကို တည်ထောင်တဲ့ နေ့ကနေ နှစ်လအတွင်းနဲ့ နှစ်စဉ် အနည်းဆုံး တစ်ကြိမ် (နှစ်ပတ်လည် ကုန်ဆုံးပြီးနောက် တစ်လထက်နောက်မကျဘဲ) တင်ပြရမှာ ဖြစ်ပါတယ်။

Struck Off( မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း) ဖြစ်သွားတဲ့  ကုမ္ပဏီဟာ  မှတ်ပုံတင်စာရင်းမှာ ပြန်လည် ပါဝင်လိုလျှင် တရားရုံးသို့ ဦးတိုက်လျှောက်ထားရမှာ ဖြစ်တယ်လို့ ကုမ္ပဏီ ဥပဒေအရသိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ဘေးနဲ့ စစ်အာဏာသိမ်းဘေးတွေကြောင့် ပြည်တွင်းက ကုမ္ပဏီနဲ့ စီးပွားရေးလုပ်ငန်းတွေ အတော်များများ အခက်အခဲအကျပ်အတည်းနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ 

Photo Credit-DICA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013