DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် ကိုဗစ်- ၁၉ စစ်ဆေးရာက တရားမဝင်မြန်မာ ၃၉ ဦး ဖမ်းဆီးခံရ
DVB
·
September 21, 2021
ထိုင်းနိုင်ငံတွင် ကိုဗစ်- ၁၉ စစ်ဆေးရာက တရားမဝင်မြန်မာ ၃၉ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း၊ လမ်းပန်းခရိုင်၊ ဟန့်ချတ်မြို့နယ်အပိုင်းရှိ အဝေးပြေးလမ်းမရှိ စစ်ဆေး ရေးဂိတ်တစ်ခုမှာ တာဝန်ရှိသူတွေက ခရီးသည်တွေကို ကိုဗစ် - ၁၉ ရောဂါပိုးစစ်ဆေးစဉ် ဘတ်စ်ကားတစ်စီးထဲ တရားမဝင်လိုက်ပါလာတဲ့ မြန်မာအလုပ်သမား ၃၉ ဦး ဖမ်းဆီးခံ လိုက်ရပါတယ်။

လမ်းပန်းခရိုင် အုပ်ချုပ်ရေးရုံး၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့ကျန်းမာရေးဌာနက တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်ည ၈ နာရီကျော်က အဝေးပြေးခရီးသည်တွေကို တစ်ဦးချင်းစီ ကိုဗစ် - ၁၉ စစ်ဆေးနေစဉ် ထိုင်းဆရီရမ်ကုမ္ပဏီပိုင် ချင်းမိုင်- ဘန်ကောက် ခရီးသည်တင်ဘတ်စ်ကားပေါ်ကနေ တရားမဝင် မြန်မာလုပ်သား ၃၉ ဦးကို ဖမ်းဆီးရမိပြီး အဲဒီထဲမှာ အမျိုးသား၊အမျိုးသမီးနဲ့ ကလေးတွေပါ ပါလာတယ်လို့ တာဝန်ရှိသူမှ သတင်းထောက်တွေကို ပြောပါတယ်။

ယာဉ်မောင်းသမားနဲ့ ယာဉ်နောက်လိုက်တွေကို စစ်ဆေးမေးမြန်းရာမှာတော့ ယာဉ်မောင်း ဖြစ်သူက သူဟာအလုပ်ဝင်တာမကြာသေးဘဲ ဒီကားကို ပထမဆုံးမောင်းတာဖြစ်ကြောင်း ၊ ခရီးသည်တွေဟာ   ဖန်၊ ချင်းမိုင်၊ လမ်းပွန်း စတဲ့ မြို့နယ်တွေကနေ အသီးသီးလိုက်ပါစီးနင်းလာပြီး သူတို့ က ကားလက်မှတ်ကို အွန်လိုင်းကနေ ဝယ်ထားပြီးဖြစ်တယ်ပြောလို့  လက်မှတ်မစစ်ဘဲတ င်လာခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံလုပ်သားတွေကို စစ်ဆေးရာမှာ ကားလက်မှတ်မရှိကြဘဲ ကားခ ကို တယောက် ဘတ် ၅၀၀၀ စီ ကြိုတင်ပေးထားပြီးဖြစ်ကြောင်း၊  တချို့က ဘန်ကောက်ဒူးရင်းသီးခြံမှာ အ လုပ်သွားလုပ်မယ်လို့ပြောကြသလို တချို့က ဘန်ကောက်မှာ အလုပ်သွားလုပ်မယ်၊ တချို့ကတော့ ထိုင်းဘာသာ စကားနားမလည်ဘဲ တယောက် တပေါက်ထွက်ဆိုနေသလို ယာဉ်မောင်း ကပြောတာနဲ့လည်း ကိုက်ညီခြင်းမရှိတာကြောင့် ဖမ်းမိတဲ့ မြန်မာအားလုံးနဲ့ ယာဉ်မောင်းရော ယာဉ်နောက်လိုက်ပါ  ၃ ဦးကိုလည်း ဆက်လက်စစ်ဆေးဖို့ ရဲစခန်းမှာခေါ်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျန်းမာရေးဌာနကလည်း ကိုဗစ်- ၁၉ ရောဂါပိုးစစ်ဆေးထားပြီး အဖြေတော့ မထွက်သေးဘူးလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ကာလတွင်း ‌ရွှေ့ပြောင်းလုပ်သားတွေ နယ်မြေကျော် သွားလာခွင့်ကန့်သတ်ထားပြီး ထိုင်းလူမျိုးတွေလည်း ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးထားသူ၊ ကိုဗစ်- ၁၉ စစ်ဆေးပြီးကင်းစင်ကြောင်း အထောက်အထားပြနိုင်သူတွေသာ ခရီးသွားလာခွင့်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013