DVB Logo
Home
မြန်မာသတင်း
သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု အွန်လိုင်း၊ မြေပြင် ဆန္ဒပြပွဲများပြုလုပ်ကြရန် နှိုးဆော်
DVB
·
September 21, 2021
သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု အွန်လိုင်း၊ မြေပြင် ဆန္ဒပြပွဲများပြုလုပ်ကြရန် နှိုးဆော်
Donate to DVB

သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု (Blood Money Campaign) ကို မတူညီတဲ့ နယ်ပယ်စုံက တက်ကြွလှုပ်ရှားသူတွေနဲ့အတူ လာမယ့်စက်တင်ဘာ ၂၅ ရက်ကနေ ၃၀ ရက်အထိ အွန်လိုင်း၊ မြေပြင် ဆန္ဒပြပွဲများလုပ်ကြဖို့ နှိုးဆော်လှုပ်ရှားမှုတွေ ရှိနေပါတယ်။

ဒီလှုပ်ရှားမှုထဲမှာ လူသတ်ယန္တရားကို အဓိကလည်ပတ်စေနိုင်နေတဲ့ စစ်တပ်ရဲ့အဓိက ဒေါက်တိုင်တွေကို Animation video တစ်ခု ဖန်တီးတင်ပြထားပါတယ်။

"စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို အခုထိ ကူညီအားဖြည့်ပေးနေတဲ့ နိုင်ငံခြား ကုမ္ပဏီတွေ၊ Corporation တွေနဲ့ ဘဏ်တွေဟာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့အတူ ရာဇဝတ်မှုကျူးလွန်သူတွေပါဖြစ်ကြပြီး ချက်ချင်းရပ်တန့်ပေးဖို့ ဖိအားတွေ နယ်ပယ်စုံက ပေးဖို့လိုအပ်ပါတယ်" လို့ လှုပ်ရှားနေကြသူတွေက ပြောပါတယ်။

စက်တင်ဘာ ၁၁ ကနေ ၁၈ ရက်တုန်းကလည်း သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှု (Blood Money Campaign)ရဲ့ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု (Global week of action) အနေနဲ့ UK, Germany, Northern Ireland နဲ့ Poland နိုင်ငံတို့မှာ ပြုလုပ်ခဲ့ပြီး အခုတခါ Global Action (တစ်ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု)ဖြစ်စေရန် အွန်လိုင်း၊မြေပြင် သပိတ်တွေကို မြန်မာပြည်သူတွေပါ လာမယ့်စက်တင်ဘာ ၂၅ ရက်နေ့မှာ ဖိအားပေးပါဝင်ကြရန် နှိုးဆော်ထားကြပါတယ်။

Video - Blood Money Campaign

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013