DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံထားရသည့် ပြည်သူ့အချစ်တော် အိန္ဒြာကျော်ဇင် ဂျာမနီရုပ်ရှင်ပွဲတော်တွင် ဆုရရှိ
DVB
·
September 21, 2021
ဖမ်းဆီးခံထားရသည့် ပြည်သူ့အချစ်တော် အိန္ဒြာကျော်ဇင် ဂျာမနီရုပ်ရှင်ပွဲတော်တွင် ဆုရရှိ
Donate to DVB

အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခံထားရတဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင်မင်းသမီး အိန္ဒြာ ကျော်ဇင်ဟာ ဂျာမနီရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့တယ်လို့ သိရပါတယ်။

ပိုင်ဖြိုးသုနဲ့အတူ ခေါင်းဆောင်ပါဝင်ထားတဲ့ “what happened to the wolf?” ရုပ်ရှင် ကားဟာ ဂျာမနီနိုင်ငံ Oldenburg International Film Festival မှာ ပြသဖို့ ရွေးချယ်ခံခဲ ရတာဖြစ်ပြီး အိန္ဒြာကျော်ဇင်က Seymour Cassel Award for Best Performance ဆု ရရှိသွားခဲ့တာ ဖြစ်ပါ တယ်။

ဒီဆုကိုတော့ ရုပ်ရှင်ပွဲတော်ဂျူရီအဖြစ် ပါဝင်တဲ့ ကနေဒါမင်းသမီးကြီး Deborah Kara Unger က ခုလို ကြေညာချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

"သရုပ်ဆောင်ခြင်းဆိုတာ တန်ပြန်သရုပ်ဆောင်ခြင်းပါပဲ။ ဒါကြောင့် ဒီပိတ်ကားပေါ်က နှစ်ယောက်ရဲ့ Performances ကိုခွဲခြားဖို့ မဖြစ်နိုင်လောက်တဲ့ထိပါပဲ။ ဒီအဓိက သ ရုပ်ဆာင်နှစ်ယောက်ဟာ ကျမတို့(ကြည့်ရှုသူ ပရိသတ်)ကို ရှုပ်ထွေးဆန်းပြားလှတဲ့ ဘဝရဲ့ ဖြစ်တည်ခြင်းဆီကို ခရီးတစ်ခုအဖြစ် ခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်။ ဏကြီးရဲ့ "what happened to the wolf?" ပါဝင်တဲ့ အဓိက သရုပ်ဆောင်နှစ်ယောက်စလုံးဟာ မြန်မာ နိုင်ငံမှ အကယ်ဒမီဆုရှင်တွေဖြစ်ပြီး ကျမတို့(ကြည့်ရှုသူပရိတ်သတ်)ကို မှင်သက်ငေးမော၊ အသက်ရှုမှားစေအောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ နှစ်ယောက်၊ ကံကြမ္မာက တစ်ခု တည်း။ တစ်ယောက်က မထီတရီ၊ တစ်ယောက်က ရှေးဆန်ဆန်နဲ့ ချဉ်းကပ်ကြရာမှာ ပါး နပ်မှု၊ ရိုးရှင်းမှု၊ အနုပညာစံပြည့်ဝမှုတို့နဲ့ သရုပ်ဆောင်ထားပြီး အခြားလူတွေကိုပါ သူတို့ရဲ့ လွတ်လပ်မှုအရသာကို ခံစားစေနိုင်စွမ်းပေးခဲ့ပါတယ်။ ကျမတို့ဟာ ဒီသရုပ်ဆောင်ရဲ့ ရိုး ရှင်းလှပမှု၊ ပင်ကိုယ်စိတ်ထား၊ တန်ဖိူးဖြတ်မရတဲ့ ရုပ်ရှင်လောကအတွက် သူမရဲ့ ပါရမီကို အသိအမှတ်ပြုတဲ့အနေနဲ့ 2021 Seymour Cassel Award for Outsanding Performance ဆုကို ဏကြီးရဲ့ "what happened to the wolf?" ရုပ်ရှင်မှ အိန္ဒြာ ကျော်ဇင်အား ချီးမြှင့်လိုက်ပါတယ်"

ဒီကားကိုတော့ ဒါရိုက်တာ ဏကြီးက ရိုက်ကူးပြီး အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသုတို့နဲ့အတူ အမျိုးသားသရုပ်ဆောင်တွေဖြစ်ကြတဲ့ လွင်မိုး၊ အောင်မြင့်မြတ်တို့က ပါဝင်ထားကြကာ ကျော်ထက်အောင်၊ ထူးသာ၊ သီရိစိုး၊ အားကိုးရာတို့က ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ထားကြပါတယ်။

ရုပ်ရှင်ပွဲတော်ကိုတော့ စက်တင်ဘာ ၁၅ ရက်ကနေ ၁၉ ရက်နေ့ထိ ကျင်းပခဲ့တာဖြစ်ပြီး ဒီကားကိုတော့ World Premiere အနေနဲ့ ပြသခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီကားရဲ့ အဓိကဇာတ်ဆောင်တွေဖြစ်ကြတဲ့ အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသု တို့ဟာ လည်း ရုပ်ရှင်ပွဲတော်ရဲ့ Seymour Cassel Award for Outstanding Performance အတွက် Nomination ဆန်ခါတင်စာရင်းမှာ နှစ်ယောက်စလုံး ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိကာလ မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနဲ့အတူ အနုပညာလှုပ်ရှားမှုတွေလည်း ရပ်တန့်သွားခဲ့ရသလို နွေဦးတော်လှန်ရေးမှာ ပြည်သူ့ ဘက်တော်သားတွေအနေနဲ့ အမှန်တရားဘက်က မားမားမတ်မတ် ရပ်တည်ခဲ့ကြသူတွေ ကိုလည်း ဖမ်းဆီးအရေးယူမှုတွေနဲ့ ပိုမိုဆိုးရွားလာနေခဲ့တာပါ။

ဒီကားထဲမှာပါဝင်တဲ့ သရုပ်ဆောင်မင်းသမီး အိန္ဒြာကျော်ဇင်ဟာလည်း တော်လှန်ရေးမှာ ပါဝင်ခဲ့တာကြောင့် ခင်ပွန်းဖြစ်တဲ့ သရုပ်ဆောင် ပြေတီဦးနဲ့အတူ ဖမ်းဆီးခံထားရပြီး ဒါရိုက်တာ ဏကြီး၊ ပိုင်ဖြိုးသုတို့ဟာလည်း ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်ထားတာမို့ တိမ်းရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013