DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှု ရှမ်းမျိုးနွယ်စုများ ဆွေးနွေး
DVB
·
December 20, 2013
လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှု ရှမ်းမျိုးနွယ်စုများ ဆွေးနွေး
Donate to DVB

ကချင်ပြည်နယ် ကျေးလက်တောရွာက ပြည်သူတွေ လူ့အခွင့်အရေးချိုးဖောက် ခံနေရတာတွေနဲ့ ပတ်သက်ပြီး ထောင်နဲ့ချီတဲ့ ရှမ်းမျိုးနွယ်စုတွေဟာ ဒီကနေ့ မနက်က မြစ်ကြီးနားမြို့မှာ ထူထုဆွေးနွေးပွဲ ကျင်းပခဲ့ကြပါတယ်။

[caption id="attachment_48911" align="alignright" width="300"](ဓာတ်ပုံ – ဧရာဝတီမြစ်ဖျားဆီက) (ဓာတ်ပုံ – ဧရာဝတီမြစ်ဖျားဆီက)[/caption]ကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ နန်မား၊ ဆားမှော်၊ ဖားကန့်၊ တာမခန်၊ ကာမိုင်း၊ ဆင်ဘို၊ ခတ်ချို၊ ၀ိုင်းမော် အစရှိတဲ့ ဒေသက ထောင်နဲ့ချီတဲ့ ဒေသခံ ရှမ်းမျိုးနွယ်စုတွေဟာ မြစ်ကြီးနားမြို့ ၀န်းသိုကျောင်းတိုက်မှာ လာရောက်စုရုံးပြီး လူထုဆွေးနွေးပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

သူတို့တွေဟာ သက်တော် ၉၈ နှစ်ရှိပြီဖြစ်တဲ့ ကျောင်းထိုင်ဆရာတော်ကို ဖူးမျှော်ဖို့ရော၊ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ရဲ့ ဖိတ်ခေါ်ချက်တွေအရပါ မြစ်ကြီးနားကို ရောက်ရှိလာကြပြီး ဒီကနေ့မနက်မှာတော့ လူထုစည်းဝေးပွဲကျင်းပခဲ့တယ်လို့ ၀န်းသိုကျောင်းတိုက်က အရှင်ဦးသုနန္ဒက ဒီဗွီဘီကို ခုလိုမိန့်ကြားပါတယ်။

“မနက် ၈ နာရီက စပြီး သူတို့ ဟောပြောပွဲတွေ လုပ်တယ်။ ဆွေးနွေးပွဲတွေ လုပ်တယ်။ ပြီးတော့ သဘောထား ထုတ်ပြန်ချက်တွေ လုပ်တယ်။ ကြွေးကြော်သံတွေ ကြွေးကြော်တယ်။ နောက်ပြီး ဗြိတိသျှ သံအမတ်နဲ့တွေ့တယ်။”

သူတို့တွေဟာ ကေအိုင်အေက ဖမ်းဆီးထားတဲ့ ရွာသားတွေ ပြန်လွှတ်ပေးရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်ရေး၊ ဆက်ကြေးကောက်တာကို ရပ်တန့်ရေး၊ လက်နက်ရှိတဲ့သူက လက်နက်မဲ့သူကို မစော်ကားဖို့ စတဲ့ ပိုစတာတွေ ကိုင်ဆောင်ပြီး ကြွေးကြော်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ကေအိုင်အို နည်းပညာထောက်ကူပြုရုံးမှာ သွားရောက်ဆန္ဒပြဖို့ စီစဉ်ထားပေမယ့် ပြည်နယ်ရဲမှူးကြီးက ဆီးဂိမ်းကျင်းပနေချိန်ဖြစ်တဲ့အတွက် ခွင့်မပြုဘူးလို့ ရှမ်းနီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးစောဝင်းထွန်းက ပြောပါတယ်။

“မြစ်ကြီးနားမှာရှိတဲ့ ကျနော်တို့အဖွဲ့ကို မနေ့ညက ပြည်နယ်ရဲမှူးကြီးက ခေါ်ယူ တွေ့ဆုံ ပါတယ်။ ဆီးဂိမ်းလို နိုင်ငံတော်ပွဲကျင်းပနေတဲ့အချိန်မှာ ဆန္ဒပြပွဲလုပ်ဖို့ ခွင့်မပြုဘူး။ ၂၅ ရက်နေ့ထိ ခွင်မပြုဘူး။ အဲဒီတော့ ၂၆ ရက်နေ့ နောက်ပိုင်းမှာတော့ ခွင့်ပြုနိုင်မယ်လို့ ပြောပါတယ်။ အဲဒီတော့ ကျနော်တို့ဘက်ကလည်း ဆန္ဒပြခွင့်ရတဲ့ထိ စောင့်ဆိုင်းဖို့ ဆုံးဖြတ်ထား ပါတယ်။ ဒီနေ့ ကတော့ အနယ်နယ်အရပ်ရပ်က လာတဲ့ လူထုတွေလည်း ရောက်နေပြီဆိုတော့ ချီတက် ဆန္ဒပြတာမလုပ်ဘဲ ဘုန်းတော်ကြီးကျောင်းမှာဘဲ လူထုဆန္ဒခံယူပွဲနဲ့ လုထုစည်းဝေးပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။”

ဆွေးနွေးပွဲတက်ရောက်လာသူ ရှမ်းမျိုးနွယ်စု အချို့ကလည်း ကေအိုင်အေဖမ်းဆီးထားတဲ့ ရွာသားတွေ ပြန်မလွှတ်သေးရင်၊ ဆက်ပြီးတော့ ဖိနှိပ်ချုပ်ချယ်နေမယ်ဆိုရင် လူထုစည်းဝေးပွဲ၊ ဆန္ဒထုတ်ဖော်ပွဲတွေ ဆက်ပြီးလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013