DVB Logo
Home
မြန်မာသတင်း
အဲကွန်းမြို့ပတ်အထူးရထားနှင့် မြို့ပတ်အဆင့်မြင့် ရထားတိုးချဲ့ပြေးဆွဲမည်
DVB
·
December 20, 2013
အဲကွန်းမြို့ပတ်အထူးရထားနှင့် မြို့ပတ်အဆင့်မြင့် ရထားတိုးချဲ့ပြေးဆွဲမည်
Donate to DVB

အဆင့်မြင့် ဇကွဲတွဲဆိုင်းရထားကဲ့သို့ ပြင်ဆင်ထားတဲ့အဆင့်မြင့် မြို့ပတ်အထူးရထားကို ဒီဇင်ဘာလကုန်လောက်မှာ စတင်ပြေးဆွဲမှာဖြစ်ပြီး အဲကွန်းတပ် အထူးမြို့ပတ်ရထားကိုလည်း တိုးချဲပြေးဆွဲသွားဖို့ အစီအစဉ်ရှိနေပါတယ်။

မြန်မာ့မီးရထားကို အဆင့်မြှင့်တင်မှုအနေနဲ့ အဆင့်မြင့် မြို့ပတ်ရထားတွဲဆိုင်းသစ်တခုကို မြစ်ငယ် တွဲပြင်ရုံမှ အသစ်ဆောက်လုပ်ပြီး ခရီးသည်အများဆုံးစီးတဲ့ မြို့ပတ်ရထားအချိန်ဇယားမှာ ထည့်သွင်းပြေးဆွဲတော့မှာပါ။

trainအဆင့်မြင့်ရထားအတွက် စီးနင်းခ ၃၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး ဒီနှစ် ဒီဇင်ဘာလကုန်လောက်မှာ စတင်ပြေးဆွဲသွားမယ်လို့ မြန်မာ့မီးရထား တာဝန်ရှိသူက ပြောပါတယ်။

အဆင့်မြင့် ရထားတွဲဆိုင်းတွေ ပြေးဆွဲလာတဲ့အတွက် ၂၀၀ ကျပ်တန်နဲ့ ၁၀၀ တန်ရိုးရိုး ရထားတွေလည်း ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူးလို့ မြန်မာ့မီးရထား အောက်မြန်မာပြည် အထွေထွေမန်နေဂျာ ဦးထွန်အောင်သင်းက ပြောဆိုပါတယ်။

၃၀၀ တန် အဆင့်မြင့်ရထားတွေဟာ ယခင်က အဆင့်မြှင့်တင်ထားတဲ့ မြို့ပတ်ပန်ကာတပ် ရထားတွေလို ဖိုင်ဘာထိုင်ခုံတွေ ပါဝင်မှာဖြစ်ပြီး ဘူတာအားလုံးကိုလည်း ရပ်တန့်ပေးမှာပါလို့ ဆိုပါတယ်။

ရထားတွဲဆိုင်း ၂၂ ဆိုင်းမှာ ရိုးရိုးတွဲဆိုင်း ၁ ဆိုင်းအစား အထူးရထားတွဲဆိုင်းတဆိုင်းကို အစားထိုး ပြေးဆွဲတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ့မီးရထား အောက်မြန်မာပြည် အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက “ဇကွဲ တွဲဆိုင်းလိုပဲ တွဲဆိုင်းသစ်ကို ဒီလမကုန်မှာပဲ ထည့်သွင်းပြေးဆွဲမှာဖြစ်ပါတယ်။ ဒီတွဲဆိုင်းဟာ လည်း လူကြိုက်များတဲ့ တွဲဆိုင်းဖြစ်ပါတယ်။ တနေ့ကို ခရီးသည်ဦးရေ ၅၀၀၀ ကျော်စီးနင်း ပါတယ်။ ၀င်ငွေလည်းကောင်းပါတယ်။ သို့သော်လည်းပဲ လက်ရှိမှာ ကျနော်တို့ မြို့ပတ်ခရီးသွား လုပ်ငန်းမှာ စီးပွားရေးအရ တွက်ခြေကိုက်မှုတော့မရှိပါဘူး။ သို့ပေမယ့်လည်း ရန်ကုန်မှာရှိတဲ့ ခရီးသွားလုပ်သားပြည်သူတွေ အဆင်ပြေဖို့အတွက် အဓိက ထားပြီးပြေးဆွဲတာဖြစ်ပါတယ်။ အခုလည်း မကြာခင်ပြေးဆွဲမယ့် ၃၀၀ တန် အထူးတွဲဆိုင်းအသစ်ကလည်း ဇကွဲ တွဲဆိုင်းကဲ့သို့ပဲ ပြေးဆွဲမှာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ တွဲဆိုင်းတွေ တိုးချဲ့ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်” လို့ ပြောဆိုပါတယ်။

မြို့ပတ်ခရီးစဉ်တခုလုံးဟာ ၂၉.၅ မိုင်ရှိပြီး ဘူတာ ၃၈ ခုရှိပါတယ်။ မြို့ပတ်ရထားဟာ ပုံမှန်အားဖြင့် ဘူတာအားလုံးရပ်တန့်ပေမယ့် အဲကွန်းအထူးရထားကတော့ ၁၃ ဘူတာပဲ ရပ်တန့် ပါတယ်။ ခုနောက်ပိုင်းမှာတော့ မီးရထားပို့ဆောင်ရေးဌာနအနေနဲ့ အဲကွန်းရထားကိုလည်း ဘူတာတိုးချဲ့ပြေးဆွဲသွားမှာပါ။

အဲကွန်းရထားကို ဘူတာတိုးချဲ့ပြေးဆွဲပေမယ့် စီနင်းခအပြောင်းအလဲ မရှိဘဲ အရင်နှုန်းထား အတိုင်းပဲ ၄၀၀ ကျပ်သာ ကောက်ခံသွားမယ်လို့ ဆိုပါတယ်။

ဦးထွန်းအောင်သင်းက “အားလုံး လိုလိုလားလား ရှိတာတော့ ဘူတာတွေမှာ ရပ်တန့်ပေးစေချင်တယ်။ တကယ်တော့ အဲယားကွန်းရထားက အထူးအမြန်သဘောမျိုးနဲ့ စီစဉ်တာပါ။ ပြည်သူတွေရဲ့လိုလားအချက်ကို ဦးစားပေး စီစဉ်ရခြင်း ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

မြန်မာ့မီးရထားအနေနဲ့ မြို့ပတ်ရထားအဆင့်မြှင့်တင်မှုအနေနဲ့ ကျပ် ၃၀၀ တန်တွဲဆိုင်းကို နိုဝင်လာလဆန်းပိုင်းနဲ့ ကျပ် ၄၀၀ တန် တွဲဆိုင်းကို အောက်တိုဘာလအစောပိုင်းကာလတွေမှာ စတင်ပြေးဆွဲခဲ့တာပါ။ အခု ဒီဇင်ဘာလကုန်ပိုင်းမှာ စတင်ပြေးဆွဲတော့မယ့် ၃၀၀ ကျပ်တန် တွဲဆိုင်းဟာလည်း မြို့ပတ်ရထားအဖြစ် အသစ် အားဖြည့်တိုးချဲ့ပြေးဆွဲပေးတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013