DVB Logo
Home
မြန်မာသတင်း
ရေဦးမြို့နယ် မုတ်ဆီချောင်းဘေးဝဲယာက လယ်ဧကရာချီ ရေနစ်မြုပ်
DVB
·
September 20, 2021
ရေဦးမြို့နယ် မုတ်ဆီချောင်းဘေးဝဲယာက လယ်ဧကရာချီ ရေနစ်မြုပ်
1 / 6
Donate to DVB

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က မုတ်ဆီချောင်း ရေကြီးမှုကြောင့် မုတ်ဆီရွာနဲ့ ငြုတ္တုံရွာက ချောင်းဘေးဝဲယာ စပါးစိုက်ပြီးစ လယ်ဧက ရာချီပြီး ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ကျနော်တို့ ရွာထဲက နေအိမ်တချို့လည်း ရေဝင်တယ်။ လယ်ဧက ၁၀၀ ကျော်လောက်လည်း ၄ ရက်ရှိပြီ။ ရေနစ်မြုပ်နေတယ်။ မနက်က ၆ လက်မလောက် ကျဆင်းသွားပြီးသားပါ။ မိုး ထပ်ရွာတော့ အခုရေပြန်တက်လာနေတယ်။ တကယ်တော့ ချောင်းမဖြောင့်လို့ ရေတက်တာပါ။ NLD အစိုးရလက်ထက်က ချောင်းဖြောင့်ဖို့ စက်ယန္တရားတွေနဲ့ တူးတော့တူးခဲ့တယ်။ ချုံလောက်ပဲ ရှင်းသွားတာဆိုတော့ ပြန်ပြီးရေကြီးနစ်မြုပ်တဲ့ ဒဏ်ခံရတာပဲ။ အဲဒီချောင်းကို ဖြောင့်ပေးလိုက်ရင်တော့ ရေစီးရေလာကောင်းပြီး ရေနစ်မြုပ်တဲ့ဒဏ် မခံရတော့ဘူးပေါ့” လို့ မုတ်ဆီရွာခံတစ်ဦးက ပြောပါတယ်။

မုတ်ဆီချောင်းရေ ကြီးတာကြောင့် ၂၀၀၄ ခုနှစ်က တကြိမ်၊ ၂၀၀၆ ခုနှစ်က တကြိမ် အကြီးအကျယ်‌ မိုးရွာသွန်းတာကြောင့် စပါးစိုက်ဧကရာချီပြီး ပျက်စီးတာတွေနဲ့ ကြုံခဲ့ရဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013