DVB Logo
Home
မြန်မာသတင်း
အုန်းဖျန် ကရင်ဒုက္ခသည်စခန်း ရေကြီးရေလျှံပြီး တံတား ၃ စင်း ပျက်စီး
DVB
·
September 20, 2021
အုန်းဖျန် ကရင်ဒုက္ခသည်စခန်း ရေကြီးရေလျှံပြီး တံတား ၃ စင်း ပျက်စီး
1 / 4
Donate to DVB

ထိုင်းနိုင်ငံ၊ တပ်ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်ထဲက အုန်းဖျန် ကရင်ဒုက္ခသည်စခန်းမှာ စက်တင်ဘာ ၁၉ ရက်က  ရေကြီးရေလျှံပြီး  လမ်းတွေ ပျက်စီးသွားတယ်လို့   ဒေသခံတွေဆီက သိရပါတယ်။ 

မိုးများပြီး တောင်ကျချောင်းရေကြောင့် အုန်းဖျန်ဒုက္ခသည်စခန်းအတွင်းက တံတား  ၃ ခု  မျောပါ ပျက်စီးသွားပေမယ့် လူနေအိမ်နဲ့ ထိခိုက်သေဆုံးတာမရှိဘူးလို့ စခန်းဥက္ကဋ္ဌက ပြောပါတယ်။ 

“မနေ့က မိုးရွာပြီး တောင်ကျရေကြောင့် ထိခိုက်သေဆုံးမှုတော့ မရှိဘူး။ ဒါပေမဲ့ တံတား ၃ စင်း ပြိုကျပျက်စီးသွားတယ်။ ရေက တအားကြီးလို့ပေါ့နော်။ တခြားအိမ်တွေ ပျက်စီးတာတို့ လူထိခိုက်တာတို့တော့ မကြားရဘူး။ တင်လာတာလည်း မရှိဘူး။ ”

လူဦးရေ ၂၀၀၀၀ ကျော်နေထိုင်တဲ့ အုန်းဖျန်ဒုက္ခသည်စခန်းဟာ ဟိုးအရင် စစ်အစိုးရ လက်ထက်မှာ မီးရှို့ခံရလို့ ထပ်ပြောင်းထားရတဲ့ စခန်းဖြစ်ပြီး မြန်မာနယ်စပ်နဲ့ ၁၀ ကီလိုမီတာ ကျော် ကွာဝေးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013