DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီအစိုးရလက်ထက် စစ်ဘက်အရပ်ဘက်ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့ဟု အကြမ်းဖက် စစ်ခေါင်းဆောင်ပြော
DVB
·
September 20, 2021
အန်အယ်လ်ဒီအစိုးရလက်ထက် စစ်ဘက်အရပ်ဘက်ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့ဟု အကြမ်းဖက် စစ်ခေါင်းဆောင်ပြော
1 / 3
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အစိုးရလက်ထက်မှာ စစ်ဘက် အရပ်ဘက်ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 

ရှမ်းပြည်နယ်ကိုခရီးလှည့်လာတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၁၉ ရက်မနက်က  လားရှိုးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုတွေကို တိုင်းစစ်ဌာနချုပ်ခန်းမမှာ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ ၂၀၁၁ ခုနှစ် ဒီမိုကရေစီအစိုးရ ပထမ သက်တမ်းကာလကတည်းက နိုင်ငံတော်ကာကွယ်ရေးနဲ့  ပြည်သူအကျိုးပြုလုပ်ငန်းတွေကိုသာ ဦးစားပေးလုပ်ဆောင်ခဲ့ကြောင်း၊ တိုင်းပြည်တိုးတက်ရေးနဲ့ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တာတွေကို အစိုးရနဲ့ အတွဲညီညီဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ အပြီးတွင် ဒီမိုကရေစီအစိုးရသစ်တစ်ရပ်တက် လာခဲ့ပြီး ၅ နှစ်တာကာလအုပ်ချုပ်ခဲ့ကာ စီမံခန့်ခွဲရေး၊ စီးပွားရေးနဲ့ ကဏ္ဍပေါင်းစုံမှာ လိုအပ်ချက်တွေဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရမှာဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနဲ့ တခြားကဏ္ဍတွေမှာ တပ်မတော်က ဖြစ်သင့်ဖြစ်ထိုက်တာတွေကို အကြံပြုထောက်ပြခဲ့ပေမဲ့ စစ်ဘက်အရပ်ဘက်ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့ကြောင်း ပြောသွားပါတယ်။

တပ်မတော်သားတိုင်းဟာ နိုင်ငံတော်နဲ့ ပြည်သူကို ကာကွယ်မယ်ဆိုတဲ့ မွန်မြတ်တဲ့ စိတ်ဆန္ဒနဲ့ တပ်မတော်သို့ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းချက် မှမပါရှိဘဲ Volunteer ဝင်ရောက် အမှုထမ်းကြသူတွေဖြစ်လို့ မိမိတို့ ထမ်းဆောင်နေတဲ့ တာဝန်အပေါ် ခံယူချက်၊ ယုံကြည်ချက် နက်နက်ရှိုင်းရှိုင်းဖြင့် တာဝန် ထမ်းဆောင်ကြဖို့နဲ့ တပ်မတော်သားတစ်ယောက်ပီသစွာ နေထိုင်ကျင့်ကြံကြဖို့လည်းတိုက်တွန်းပြောပါတယ်။ 

အသိပညာနဲ့ ပြည်စုံဖို့လိုအပ်တဲ့တွက် မိမိတို့ရဲ့ အားလပ်ချိန်တွေမှာ အကျိုးရှိစေမယ့် စာအုပ်စာပေတွေကို ဖတ်မှတ်ကြဖို့နဲ့  လုံခြုံရေးသတိ၊ လုံခြုံရေးသတိ အမြဲထားရှိပြီး ကာကွယ်ရေးအမြင်ရှိနေရမယ်လို့လည်း  စစ်သည်တွေနဲ့ မိသားစုတွေကို စစ်ခေါင်းဆောင်က တိုက်တွန်း ပြောသွားပါတယ်။ 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရှမ်းပြည်နယ်စစ်ကောင်စီဝင်တွေ၊  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသတွေက တာဝန်ရှိသူတွေ ဌာနဆိုင်ရာဝန်ထမ်းတွေ ခရိုင်၊ မြို့နယ်စစ်ကောင်စီဝင်တွေနဲ့  မြို့မိမြို့ဖတွေကိုလည်း လားရှိုးမြို့မှာ သီးခြားတွေ့ဆုံပြီး လျှပ်စစ်ရထား၊ လျှပ်စစ်ဘတ်စ်ကား၊ မြေအောက်ရထား လမ်းတွေ စဉ်းစားလုပ်ဆောင်ကြဖို့ တိုက်တွန်းသွားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ကချင်ပြည်နယ်ကနေ တဆင့် ရှမ်းပြည်နယ်ကို ရောက်ရှိလာတာဖြစ်ပြီး ကချင်ပြည်နယ် ခရီးစဉ်အတွင်းမှာ ပူတာအိုခရီးစဉ်ကို လုံခြုံရေးကြောင့် ဖျက်သိမ်းခဲ့ရသလို ဒေသခံကျောင်းသားလူငယ်တွေက အကြမ်းဖက်စစ်ခေါင်းဆောင်  ကချင်မြေကနေ ထွက်သွားဖို့ မောင်းထုတ်ဆန္ဒပြတာနဲ့လည်း  ကြုံတွေ့ခဲ့ရတယ်။

Photo-DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013