DVB Logo
Home
မြန်မာသတင်း
နတ်မောက်မြို့နယ် လက်ခုပ်ပင်ကျေးရွာ ပြည်သူပိုင်ပစ္စည်းများကို စစ်တပ်က လုယက်ခိုးယူ
DVB
·
September 20, 2021
နတ်မောက်မြို့နယ် လက်ခုပ်ပင်ကျေးရွာ ပြည်သူပိုင်ပစ္စည်းများကို စစ်တပ်က လုယက်ခိုးယူ
Donate to DVB

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က လက်ခုပ်ပင်ကျေးရွာမှာ စစ်ကောင်စီတပ်တွေက စက်တင်ဘာ ၁၆ ရက်နေ့ကတည်းက စတင်ဝင်ရောက် တပ်စွဲနေထိုင်ပြီး ကျေးရွာအတွင်းက ဒေသခံပြည်သူ တွေ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို လုယက်ခိုးယူနေတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “ရွာက လူငယ်ပရဟိတခေါင်းဆောင် ကိုဖြူကြီးကို ဖမ်းဖို့လာတာတဲ့။ ရွာမှာက စစ်ကောင်စီက အုပ်ချုပ်ရေးမှူးခန့်တာ လုပ်မယ့်သူမရှိတာကို ကိုဖြူကြီးက အုပ်ချုပ်ရေးမှူးမလုပ်ကြဖို့ စည်းရုံးတယ်ထင်ပြီး ကိုဖြူကြီးကိုလာဖမ်းတာ။ သတင်းကြိုရလို့ မိသားစုလိုက် ရှောင်သွားလို့ လွတ်သွားတယ်။ အခု စစ်ကောင်စီတပ်သားတွေက ကိုဖြူကြီး အိမ်မှာ တပ်စွဲထားတယ်” လို့ ပြောပါတယ်။

လူငယ်ပရဟိတ ခေါင်းဆောင် ကိုဖြူကြီးဟာ ဇနီးနဲ့ အရွယ်မရောက်သေးတဲ့ သမီး ၂ ဦးတို့ တိမ်းရှောင်သွားတာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကိုဖြူကြီး နေအိမ်တံခါးသော့တွေကိုဖျက်ပြီး ဝင်ရောက်တပ်စွဲထားတာလို့ ဆိုပါတယ်။ 

ဒါ့အပြင် အိမ်မှာရှိနေတဲ့ ဆန်၊ ဆီနဲ့ အိမ်မှာမွေးမြူထားတဲ့ ကြက်၊ ဝက်တွေကိုပါ သတ်ဖြတ်စားသောက်နေတဲ့အပြင် ကျေးရွာအတွင်းက ဒေသခံပြည်သူတွေရဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုပါ ခိုးယူလုယက်သတ်ဖြတ်စားသောက်နေကြောင်း သိရပါတယ်။

ကျေးရွာမှာနေထိုင်ကြတဲ့ ကိုဖြူကြီး နဲ့ မိသားစုအပါအဝင် ဒေသခံပြည်သူ ၂၀၀ နီးပါးဟာလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးနှိပ်စက်ခံရမှာစိုးရိမ်တဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေသူလူငယ်တဦးက “အကြမ်းဖက်တပ်သားတွေက ရွာကကြက်ဝက်တွေကို သတ်စားနေပြီး လူမရှိတဲ့ အိမ်တွေက ဆိုင်ကယ်နဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူနေတယ်လို့ သိရတယ်။ သူတို့ရှိနေတော့ ကျနော်တို့လည်း အိမ်မပြန်ရဲသေးဘူး” လို့ ပြောပါတယ်။

နတ်မောက်မြို့နယ်၊ လက်ခုပ်ပင်ကျေးရွာဟာ အိမ်ခြေ ၁၀၀၀ နီးပါးရှိပြီး လူဦးရေ ၂၅၀၀ ရှိတဲ့ လျှပ်စစ်မီးရရှိတဲ့ ရွာကြီးတရွာဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013