DVB Logo
Home
မြန်မာသတင်း
မိဘမဲ့ကလေး ၁၇၀၀ ကျော်အတွက် ကျပ်သန်းပေါင်း ၁၂၀ လှူ
DVB
·
December 20, 2013
မိဘမဲ့ကလေး ၁၇၀၀ ကျော်အတွက် ကျပ်သန်းပေါင်း ၁၂၀ လှူ
Donate to DVB

နိုင်ငံတ၀ှမ်းက မိဘမဲ့ကလေးတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ် ၁၇၀၀ ကျော် ပညာသင်ကြားနေကြတဲ့ ရန်ကုန်က ဆုတောင်းပြည့် တိုင်းရင်းသားလူမျိုးများ လူငယ်ဖွံ့ဖြိုးရေး ပရဟိတ စာသင်ကျောင်းအတွက် ၃ ထပ် ကျောင်းဆောက်ဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းတို့က ကျပ်သန်းပေါင်း ၁၂၀ ကို ဒီဇင်ဘာ ၁၉ ရက်နေ့က လှူဒါန်းခဲ့ကြပါတယ်။

donation ceremonyဆီဒိုးနားဟိုတယ်မှာ ပြုလုပ်တဲ့ ဆန်နဲ့ ရန်ပုံငွေ လှူဒါန်းပွဲမှာ တရုတ်သံအမတ်ကြီး မစ္စတာ ယန်ဟိုလန်၊ တရုတ်-မြန်မာချစ်ကြည်ရေးအသင်းရဲ့ ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်နဲ့ အထွေထွေ အတွင်းရေးမှူး ဦးစိုးဝင်းတို့နဲ့အတူ တခြားလူမှုရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြကြောင်း တရုတ်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးဖို့ တရုတ်သံရုံးက အမြဲ အလေးထားကြောင်းနဲ့ ဆုတောင်းပြည့် ပရဟိတကျောင်းဟာ ကျောင်းဆောင်နဲ့ နေ့စဉ် ရိက္ခာ လိုအပ်နေကြောင်း၊ ၂ နိုင်ငံ ပြည်သူတွေကြား ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို မြှင့်တင်ဖို့ နောက်ထပ် ကူညီသွားဦးမယ်လို့ တရုတ်သံအမတ်က ပြောသွားပါတယ်။

ဒီ ပရဟိတကျောင်းမှာ မြန်မာနိုင်ငံတ၀န်း ဆင်းရဲသားမိသားစုတွေက ကလေးငယ်တွေ ခိုလှုံနေကြတာ ဖြစ်ပြီး အများစုဟာ မိဘမဲ့ကလေးငယ်တွေ ဖြစ်ပါတယ်။

ကျောင်းသားအရေအတွက် တိုးများလာတာနဲ့အမျှ ကလေးငယ်တွေအတွက် နေစရာ ကျောင်းဆောင် မလုံလောက်တဲ့ အခက်အခဲနဲ့ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးအနေနဲ့ လွန်ခဲ့တဲ့နှစ်တွေကလည်း ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်က မူလတန်းကျောင်းအတွက် အမေရိကန်ဒေါ်လာ ၅ သောင်း၊ ခြင်ထောင်နဲ့ နေစွမ်းအင်သုံး လျှပ်စစ်ပစ္စည်းတွေ လှူဒါန်းခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013