DVB Logo
Home
Lead Story
စီးပွား-ကူးသန်း ၀န်ကြီးရုံး စီအိုင်အက်ဖ် တန်ဖိုး ဆွေးနွေး
DVB
·
December 20, 2013
စီးပွား-ကူးသန်း ၀န်ကြီးရုံး စီအိုင်အက်ဖ် တန်ဖိုး ဆွေးနွေး
Donate to DVB

ဒီဇင်ဘာ ၁၉ ရက်နေ့က နေပြည်တော် စီးပွား- ကူးသန်း ၀န်ကြီးရုံးမှာ ၀န်ကြီး ဦးဝင်းမြင့် ဦးဆောင်ပြီး ပြည်ပကနေ တင်သွင်းလာတဲ့ ကားတွေနဲ့ ပတ်သက်လို့ အခွန်ကောက်ရာမှာ ကိုးကားတဲ့ ဆိပ်ကမ်းအရောက်တန်ဖိုး (စီအိုင်အက်ဖ်) ကိစ္စ ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရ သတင်းစဉ် ထုတ်ပြန်ချက်အရ သိရပါတယ်။

Car Import From Thailandခုလို ၀န်ကြီးဌာနကနေ စီအိုင်အက်ဖ် တန်ဖိုးအသစ် သတ်မှတ်မယ်ဆိုတဲ့ သတင်းကြောင့် ဆိပ်ကမ်းမှာ ရောက်နေတဲ့ ကားတွေကိုလည်း သွားရောက်ထုတ်ယူတာမျိုး မလုပ်သေးဘဲ စောင့်ကြည့်နေကြလို့ ဆိပ်ကမ်းမှာ ကားတွေ စုပုံနေတယ်လို့ ကားဝယ်ရောင်းသမား ဦးလှမြင့်က ဒီဗွီဘီကို ပြောပါတယ်။

အစိုးရက စီအိုင်အက်ဖ် တန်ဖိုးကို လျှော့ချသတ်မှတ်ရင် အကောက်အခွန်နဲ့ မော်တော်ယာဉ် လိုင်စင်ကြေး ပေးသွင်းရမှု လျော့နည်းသွားမှာမို့ ခုလို စောင့်ကြည့်နေတာလို့ သိရပါတယ်။

လက်ရှိ အစိုးရသစ်ဟာ ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းရေး အစီအစဉ်အရ ကားအစီး ၈
သောင်းနီးပါး၊ ၁ ဦးချင်း ပါမစ်နဲ့ ကားပြခန်းတွေအတွက် အပါအ၀င် ကားအစီးရေ ၁ သိန်း ၁ သောင်း ကျော် တင်သွင်းခွင့်ပေးခဲ့ပြီဖြစ်ကြောင်း ၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013