DVB Logo
Home
Lead Story
တယ်လီနော Apollo Towers ကုမ္ပဏီကို ရွေးချယ်
DVB
·
December 20, 2013
တယ်လီနော Apollo Towers ကုမ္ပဏီကို ရွေးချယ်
Donate to DVB

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့် တင်ဒါအောင်ထားတဲ့ နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီဟာ ပြည်တွင်းမှာ ဆက်သွယ်ရေး ကွန်ရက်အတွက် တာဝါတိုင်တွေ တည်ဆောက်ဖို့ အိန္ဒိယအခြေစိုက် အပိုလို တာဝါ (Apollo Towers) ကုမ္ပဏီကို ရွေးချယ်လိုက်တယ်လို့ ကုမ္ပဏီက ထုတ်ပြန်ကြေညာပါတယ်။

TelenorApollo Towers ကုမ္ပဏီအနေနဲ့ တယ်လီနောအတွက် တာဝါတိုင်တွေ တည်ဆောက်တာနဲ့ ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အဦတွေ တည်ဆောက်တာအပြင် စီမံခန့်ခွဲမှုတွေကိုပါ တာဝန်ယူရမယ်လို့ ဆိုပါတယ်။

သိပ်မကြာခင်ကပဲ တယ်လီနောနဲ့အတူ အော်ပရေတာ လိုင်စင် အောင်မြင်ထားတဲ့ ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီဟာလည်း ဒီဂျီဆယ်လ် (Digicel) ကုမ္ပဏီနဲ့ ရိုးမကုမ္ပဏီ ပူးပေါင်းထားတဲ့ မြန်မာတာဝါကုမ္ပဏီကို တာဝါတိုင်တွေ တည်ဆောက်ဖို့ ရွေးချယ်ကြောင်း ကြေညာခဲ့ ပါသေးတယ်။

ဒီကုမ္ပဏီတွေဟာ ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ရမယ့် ၂၀၁၄ ခုနှစ်ထဲမှာမှ လုပ်ငန်းတွေ စတင်နိုင်ကြမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013