DVB Logo
Home
မြန်မာသတင်း
ပဲတင်သွင်းခွင့်ကာလ အိန္ဒိယအစိုးရ နှစ်လထပ်တိုး
DVB
·
September 18, 2021
ပဲတင်သွင်းခွင့်ကာလ အိန္ဒိယအစိုးရ နှစ်လထပ်တိုး
Donate to DVB

အိန္ဒိယအစိုးရက နိုင်ငံခြားကုန်သွယ်မူ မူဝါဒအရ ပဲစင်းငုံ၊ ပဲတီစိမ်းနဲ့မတ်ပဲ တင်သွင်းမူကို  မူလက အောက်တိုဘာလကုန်အထိ သတ်မှတ်ထားပေမဲ့ အခုအခါ ဒီဇင်ဘာလကုန်အထိ နှစ်လ ထပ်မံတိုးမြင့်ကြောင်း ကြေညာခဲ့ပါတယ်။

အိန္ဒိယ ပဲလုပ်ငန်းရှင်တွေရဲ့ အဆိုပြုချက်အရ ပဲတင်သွင်းခွင့်ကာလကို အခုလို တိုးမြင့်လိုက်တာလို့ အိန္ဒိယ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် အိန္ဒိယနိုင်ငံကို အဓိကအားထားပြီး တင်ပို့နေတဲ့ မြန်မာနိုင်ငံအတွက် ပဲတင်ပို့ချိန် ပိုရရှိလာမှာဖြစ်သလို မြန်မာနဲ့ အိန္ဒိယနိုင်ငံတို့အကြား ရေးထိုးထားခဲ့တဲ့ MOU အရ မြန်မာနိုင်ငံကနေ မတ်ပဲတန်ချိန် နှစ်သိန်းခွဲနဲ့ ပဲစင်းငုံတန်ချိန် တစ်သိန်းကိုလည်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ကစပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မတ်လအတွင်း ၅ နှစ်တင်သွင်းခွင့်ရရှိဦးမှာဖြစ်ပါတယ်။ 

အိန္ဒိယအစိုးရဟာ နိုင်ငံခြားကုန်သွယ်မူ မူဝါဒအရ အဆိုပါပဲသုံးမျိုးကို ၂၀၁၇ ခုနှစ်ကစပြီး ကန့် သတ်တင်သွင်း ကုန်စည်အဖြစ်နဲ့ သတ်မှတ်ကာ နှစ်စဉ်ခွဲတမ်းပမာဏနဲ့ တင်သွင်းခွင့်ပြုခဲ့တာဖြစ်ပါတယ်။ 

အခုနှစ်မှာ အိန္ဒိယနိုင်ငံက ပြည်တွင်းပဲလိုအပ်ချက် များပြားနေတဲ့အခြေအနေကြောင့် ပဲစင်းငုံ၊ မတ်ပဲနဲ့ ပဲတီစိမ်းတို့ကို မူလသတ်မှတ်ထားတဲ့ ကိုတာစနစ်ပယ်ဖျက်ခဲ့ပြီး အကန့်အသတ်မရှိ လွတ်လပ်စွာတင်သွင်းခွင့်ကို အောက်တိုဘာလကုန်အထိ သတ်မှတ်ခွင့်ပြုထားတာဖြစ်ပါတယ်။

ဒါပေမဲ့ ကိုတာစနစ်ကို ပယ်ဖျက်တဲ့ ဒီမူဝါဒဟာ အခုနှစ်အတွက်သာ ဖြစ်တာကြောင့် နောက်နှစ်တွေမှာတော့ ကိုတာစနစ် ပြန်လည်အသက်ဝင်လာမယ့်သဘော ဖြစ်ပါတယ်။

လက်တလော အိန္ဒိယစျေးကွက်တင်ပို့တဲ့ ပဲမျိုးစုံစျေးနှုန်းတွေကတော့၊ ပြည်တွင်းပဲ လက်ကျန်နည်းနေချိန်  အိန္ဒိယနိုင်ငံရဲ့ ပဲလိုအပ်ချက် မြင့်တက်နေတာနဲ့ ဒေါ်လာငွေလဲနှုန်းမြင့်တက်နေတာတွေကြောင့် စျေးကောင်းရရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013