DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်ရှိ Mytel ဆက်သွယ်ရေး တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ
DVB
·
September 18, 2021
ရေးမြို့နယ်ရှိ Mytel ဆက်သွယ်ရေး တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောက်မိချောင်းတောင်ပိုင်းကျေးရွာအနီးရှိ စစ်တပ်ပိုင် Mytel တာဝါ တိုင်နဲ့ ဆက်သွယ်ရေး Cabinet တွေကို  စက်တင်ဘာ ၁၇ ရက် မနေ့ည ၇ နာရီလောက်က ဗုံးခွဲဖျက်ဆီးခဲ့တယ်လို့   YPDF ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

လက်ရှိ Mytel ဖုန်းလိုင်းတွေ အနီးဝန်းကျင်တဝိုက် ပြတ်တောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ရေးမြို့ပြည်သူ့ကာကွယ်ရေးတပ် YPDF က စစ်တပ်ပိုင် ဆက်သွယ်ရေးပိုင်လိုင်းနဲ့  မြေအောက် ဆက်သွယ်ရေးကြိုးတွေကိုလည်း ပြီးခဲ့တဲ့ရက်တွေက ဖျက်ဆီးထားခဲ့သလို အခု Mytel တာဝါတိုင်ရဲ့ Cabinet တွေကို ထပ်မံဖျက်ဆီးခဲ့တာပါ။ 

NUG အစိုးရက ခုခံတွန်းလှန်စစ်ပွဲ စတင်ကြေညာတဲ့ စက်တင်ဘာ ၇ ရက်ကစပြီး မြန်မာ တနိုင်ငံလုံးက Mytel ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၂ဝဝဝ ကျော်ရှိတဲ့အနက် ဒေသဆိုင်ရာ PDF တွေက  Mytel တိုင်ပေါင်း ၈၀ လောက်ကို ဖျက်ဆီးထားပါတယ်။ 

Mytel ဆက်သွယ်ရေးတာဝါတိုင်တွေဖျက်ဆီးခံရတဲ့အတွက် လူပေါင်း ၇ သိန်းလောက် အင်တာနက် မရကြတော့ဘူးလို့ Mytel ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ပြည်ပမီဒီယာတစ်ခုကို ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013