DVB Logo
Home
မြန်မာသတင်း
ခင်ဦးမြို့နယ်၌ ပျူစောထီးအဖွဲ့ဝင် ၂ ဦးအသတ်ခံရပြီးနောက် ပြည်သူအယောက် ၂၀ ကို စစ်အုပ်စုကဖမ်းဆီး
DVB
·
September 17, 2021
ခင်ဦးမြို့နယ်၌ ပျူစောထီးအဖွဲ့ဝင် ၂ ဦးအသတ်ခံရပြီးနောက် ပြည်သူအယောက် ၂၀ ကို စစ်အုပ်စုကဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကံသစ်ကျေးရွာကို စက်တင်ဘာ ၁၆ ရက် ညနေ ၄ နာရီလောက်မှာ အိမ်စီးကား ၅ စီးအပါအဝင် ဆိုင်ကယ်တွေနဲ့လာတဲ့ အာဏာသိမ်း စစ်အုပ်စု လက်ပါးစေ အရပ်ဝတ်လက်နက်ကိုင်တွေက ကျေးရွာပြည်သူ ၂၀ ကျော် ဖမ်းဆီးခဲ့ပြီး တချို့ကို ငွေကျပ် ၁၀ သိန်းနဲ့  လာရွေးခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကံသစ်ကျေးရွာက အသက်မပြည့်သေးသူနဲ့ ကျန်းမာရေးမကောင်းသူတွေ အပါအဝင် အမျိုးသား ၂၂ ဦးကို ဖမ်းဆီးသွားတာပါ။ အဲဒီထဲက တစ်ဦးကို လူသတ်မှုပုဒ်မနဲ့တရားစွဲဆိုထားပြီး ကျန်တဲ့ ၂၁ ဦးအား တစ်ဦးကို ကျပ် ၁၀ သိန်းနှုန်းနဲ့ ရွေးဖို့ တရားလိုလုပ်သူ ပျူစောထီးအဖွဲ့ဝင်တစ်ဦးက ညှိနှိုင်းနေတာလို့ သိရပြီး ဒီသတင်းပေါက်ကြားခဲ့ပါက ပြန်လွှတ်မပေးဘူးဆိုပြီး ခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်။ 

ကံသစ်ရွာနဲ့ လက်ပံကြီးရွာတို့က ပျူစောထီးအဖွဲ့ဝင်နှစ်ဦးကို King Cobra အဖွဲ့က ရှင်းလင်းသုတ်သင်ပြီးနောက် အခုလို အရပ်ဝတ် လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီး ရိုက်နှက်စစ်ဆေးတာတွေ လုပ်လာတာလို့ ဒေသခံတဦးက ပြောပါတယ်။

“တချို့ကို ရိုက်နှက်စစ်ဆေးပြီး တချို့ကို တစ်ဦးငွေ ဆယ်သိန်းနဲ့ အရွေးခိုင်းထာတယ်။ တတ်နိုင်တဲ့သူကတော့ ရွေးကြတာပေါ့။ မတတ်နိုင်တဲ့သူက များတယ်လေ။ အသတ်ခံရသူ အိမ်မှာ ညက ပျူအဖွဲ့ဝင်လို့ ထင်ရတဲ့ လက်နက်ကိုင်တွေနဲ့စစ်သားတချို့ စောင့်နေတာ တွေ့တယ်။”

ရွာသားတွေဟာ ‌ငွေဆယ်သိန်းနဲ့ရွေးနိုင်ဖို့ တတ်နိုင်တဲ့သူရှိသလို မတတ်နိုင်တဲ့သူတွေလည်း ရှိနေတဲ့အတွက် အခုထိ ညှိနှိုင်းလို့ အဆင်မပြေကြသေးဘူးလို့ သိရပါတယ်။

ကံသစ်ကျေးရွာသား ပျူစောထီးအဖွဲ့ဝင် အသက် ၃၀ အရွယ် ကိုတိုးနိုင်က  ရွာအနောက်ဘက် လယ်မြေမှာ စက်တင်ဘာ ၁၆ ရက် မနက် ၉ နာရီလောက်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး လက်ပံကြီးကျေးရွာသား အသက် ၅၀ အရွယ် ကိုဖိုးချောကတော့ ခင်ဦး-ရွှေဘို OMC မူးဘောင်ပေါ်မှာ စက်တင်ဘာ ၁၆ ရက်  ညနေ ၃ နာရီလောက် ဓားဒဏ် ရာတွေနဲ့ သေဆုံးနေတာဖြစ်ပါတယ်။

ဒီဖြစ်စဉ် ၂ ခုလုံးကို ခင်ဦးမြို့နယ်တောကြီးမြွေဟောက်အဖွဲ့ King Cobra က ၂၂ ယောက်‌မြောက် ရှင်းလင်းသုတ်သင်ခဲ့တာလို့ အတိအလင်း ကြေညာထားပါတယ်။

ခင်ဦးမြို့နယ် ကံသစ်ကျေးရွာအပြင် လယ်တောမှာ မနေ့ မနက်ကိုးနာရီလောက်က ပျူစောထီးအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ကိုတိုးနိုင်နဲ့ ကိုနိုင်ဝင်း၊ ကိုဝင်းရွှေတို့ သုံးဦး သေနတ်ပစ်ခံရတာဖြစ်ပါတယ်။  

ပစ်ခတ်မှုကြောင့် ကိုတိုးနိုင် နေရာတင်သေဆုံးပြီး ကျန်နှစ်ဦး ထွက်ပြေးလွတ်မြောက်သွား တယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “ကံသစ်ရွာမှာ ပျူစောထီးအဖွဲ့ကလူတွေ မြေဆီသယ်သွားရင်းနဲ့ ပီဒီအက်ဖ်အဖွဲ့က လိုက်ပစ်တာ၊ သုံးယောက်သွားတာမှာ တယောက်က သေသွားတယ်။ သေသွားတဲ့ကောင်က တိုးနိုင်တဲ့ ပျူစောထီးအဖွဲ့က။ နှစ်ယောက်က မသေဘဲနဲ့ထွက်ပြေးပြီး ရွာထဲပြန်ဝင်တယ်၊ သူတို့က စစ်ကောင်စီကပေးတဲ့လက်နက်ပြန်ယူပြီး ပီဒီအက်ဖ်အဖွဲ့ကို ပြန်လိုက်ပစ်တယ်။ မမီတော့ဘူး၊ အဲတော့ သူတို့က စစ်ကောင်စီတပ်တွေကို ခေါ်လိုက်တော့ ရွာကို ပျူစောထီးအဖွဲ့နဲ့ စစ်ကောင်စီအဖွဲ့နဲ့ဝင်ပြီး အိမ်ထဲရှိတဲ့ရွာသားတွေခေါ်ပြီး လူငါးဆယ်လောက် ဖမ်းပြီး ခင်ဦးကို ခေါ်သွားတယ်။ အဲဒီထဲမှာ အသက်မပြည့်တဲ့ ကလေးအရွယ်တွေပါ ခေါ်သွားတယ်။” 

သေဆုံးသူ ကိုတိုးနိုင်ရဲ့အလောင်းကို စစ်ကောင်စီတပ်ဖွဲ့က ခင်ဦးမြို့ပေါ်ကို ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းဒေသအတွင်းမှာ တခြားဒေသတွေနည်းတူ ဒလန်သတင်းပေးတွေကို ရှင်းလင်းတာ၊ အုပ်ချုပ်ရေးမှူးတွေကိုရှင်းလင်းတာ လုပ်ဆောင်နေပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရကလည်း စက်တင်ဘာ ၇ ရက်နေ့မှာ နိုင်ငံတဝန်းအရေးပေါ်အခြေအနေနဲ့ ခုခံစစ်ကို စတင်လိုက်ပြီလို့ တရားဝင်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013