DVB Logo
Home
Lead Story
မလေးရှားရဲ့ သမိုင်းဝင် ဟိုတယ်ကို ထိန်းသိမ်းမှု
DVB
·
December 20, 2013
မလေးရှားရဲ့ သမိုင်းဝင် ဟိုတယ်ကို ထိန်းသိမ်းမှု
Donate to DVB

မလေးရှားမှာ မြို့တော် ကွာလာလမ်ပူက သမိုင်းဝင် တရုတ်ဟိုတယ်တခုနဲ့ ဆိုင်တဆိုင်ကို ရရှိရေးနဲ့ ပတ်သက်ပြီး ပြဿနာ ဖြစ်နေပါတယ်။

အဆောက်အဦတွေက ၁၉၃၈ ခုနှစ် နှစ်ပေါင်း ၇၅ နှစ် ကတည်းက အဆောက်အဦတွေ ဖြစ်ပြီး မြို့တော်ရဲ့ မီးရထားလမ်း ဖြန့်ကြက်မှု ဒါမှမဟုတ် အမ်အာတီ တိုးချဲ့နိုင်ရေးအတွက် ဖယ်ရှင်းပစ်ဖို့ လိုအပ်ခဲ့တာပါ။

[caption id="attachment_48840" align="alignright" width="300"]ဓာတ်ပုံ portalkbr.com/asiacalling/ ဓာတ်ပုံ portalkbr.com/asiacalling/[/caption]အဲဒီနေရာက အဆောက်အဦ အတော်များများဟာ ဖျက်ဆီးထားပြီး ဖြစ်ပါတယ်။ အဲဒီ ဒေသက လူတွေက အဲဒီ အဆောက်အဦတွေကို တရုတ်အမွေအနှစ်တွေရဲ့ အစိတ်အပိုင်းတရပ်အဖြစ် ရှုမြင်ကြပြီး အဆောက်အဦတွေကို ထိန်းသိမ်းဖို့ တိုက်ပွဲဝင်နေကြတယ်လို့ ဆိုပါတယ်။

လုပ်အန်းဟိုတယ်က ဂျလန်ဆူလတန်မှာ ကော်ဖီဆိုင်တခုအဖြစ် စတင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒါကို ၁၉၅၅ ခုနှစ်မှာ ဟိုတယ်တခုအဖြစ် မပြောင်းလဲခင် ၁၉၃၈ ခုနှစ်ကတည်းက တည်ဆောက်ခဲ့တာ ဖြစ်ပြီး အဲဒီကတည်းက တန်မိသားစုက လုပ်ငန်းလည်ပတ်ခဲ့တာ ဖြစ်ပါတယ်။

မိသားစု ပြောရေးဆိုခွင့်ရှိသူ ဂျူဒီတန်က “တည်ထောင်သူက ကျမရဲ့ အဘေးပါ။ သူတို့က တရုတ်ပြည်က လာခဲ့ကြတာပါ။ ရာဘာလုပ်ငန်းက ခက်ခက်ခဲခဲ ရရှိခဲ့တဲ့ငွေနဲ့ ဒီနေရာကို သူတို့ ရရှိခဲ့တာပါ” လို့ ပြောပါတယ်။

၂၀၁၁ ခုနှစ်မှာတော့ အစိုးရက အဲဒီဒေသမှာ အများကြီး လိုအပ်နေတဲ့ ရထားလမ်းတွေ တိုးချဲ့ဖို့ အဆင်ပြေရအောင် ဖယ်ရှင်းပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မီးရထားကုမ္ပဏီက လျော်ကြေးငွေ ပေးအပ်ခဲ့ပြီး ထိခိုက်နစ်နာသူတွေ ဖြစ်တဲ့ မြေပိုင်ရှင်တွေကို တခြား အကျိုးခံစားခွင့်တွေကိုလည်း ပေးအပ်ခဲ့ပါတယ်။

ဒါပေမယ့် တန်မိသားစုအပါအ၀င် ပိုင်ရှင်အတော်များများက အဲဒီ အပေးအယူကို လက်မခံခဲ့ပါဘူး။ ဒါကြောင့် အစိုးရက ဥပဒေနဲ့ ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

တန်မိသားစုဝင် ဂျူဒီတန် က “ကျမတို့နဲ့ အမ်အာတီ ကော်ပိုရေးရှင်းနဲ့ သဘောတူညီမှု မရရှိခဲ့တဲ့အတွက် ကျမတို့ရဲ့ မြေတွေကို ထိန်းသိမ်းရယူထားခဲ့တာပါ။ ကျမတို့ လက်ခံ ရရှိထားတဲ့ သတိပေးစာအရ ကျမတို့က ရွှေ့ပြောင်းပေးရမှာပါ” လို့ ဆိုပါတယ်။

ဂျူဒီရဲ့ မိသားစုကတော့ ဒီအမှုကို အခု တရားရုံးမှာ ရင်ဆိုင်ယှဉ်ပြိုင်နေပါတယ်။

“ကျမတို့ကတော့ ဒီကိစ္စမှာ တရားသူကြီးက တရားမျှတမယ်လို့ မျှော်လင့်ထားပါတယ်။ အမျိုးသားတရားရုံးကတော့ အပေါ်မြေပြင်ကို ထိခိုက်မှု မရှိဘဲ မြေအောက်လှိုက်ခေါင်း ဖောက်ဖို့ ခွင်ပြုချက် သတ်မှတ်ပြဋ္ဌာန်းပေးခဲ့ပါတယ်။ ကျမတို့ကတော့ ကျမတို့ရဲ့အပေါ်မြေပြင်ကို ပြန်ရပြီး မိသားစုအမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းနိုင်ခွင့် ရရှိအောင် တရားရုံးဘက်က မျှတတဲ့ ဆုံးဖြတ်ချက်တခု ချပေးမယ်လို့ မျှော်လင့်ထားပါတယ်။”

အဲဒါက ၂ နှစ် ကြာနေပြီဖြစ်တဲ့ ပြဿနာပါ။

ဟိုတယ်ပတ်ဝန်းကျင်က လူနေရပ်ကွက်မှာ နေထိုင်သူတွေကလည်း ပုံမှန် ဆန့်ကျင် ကန့်ကွက်ပွဲတွေ ကျင်းပနေခဲ့ကြပါတယ်။

ဂျူဒီက “လုပ်အန်းက တတိယမျိုးဆက် မိသားစု စီးပွားရေးလုပ်ငန်းကို ကိုယ်စားပြုပါတယ်။ နောက် အဲဒါဟာ ဒီကနေ့ ကျမတို့ဘ၀ကို ဖန်တီးပေးတဲ့အရာပါပဲရှင်။ ကျမတို့က အစိုးရဆီက လျော်ကြေးငွေကို စိတ်မ၀င်စားပါဘူး။ ဘာလိုလဲဆိုတော့ အဲဒါက ကျမတို့အတွက် ဘာအဓိပ္ပာယ်မှ မရှိလို့ပါပဲ” လို့ ဆိုပါတယ်။

ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူ ဟီရှာမူဒင်ရိုင်စ်က စုဝေး ချီတက်ပွဲ ၁ ပွဲကို တက်ရောက်ခဲ့ပြီး အခုလို ပြောပါတယ်။

“ဒါဟာ မြို့တော်ထဲက လူတွေရဲ့ သူတို့ရဲ့ အမွေအနှစ်ကို ကာကွယ်ဖို့ ရုန်းကန် လှုပ်ရှားမှု တစိတ်တပိုင်းပါပဲ။ ကျနော်တို့ အတူတူ လုပ်ကြရမယ်ဗျ။ ကျေးရွာတွေက တရွာနဲ့ တရွာ ကူညီ ပံ့ပိုးကြရမယ်လေ။ အဲဒီလို ခင်ဗျားတို့ မလုပ်ဘူးဆိုရင် ခင်ဗျားတို့ ဖြိုဖျက်ခံရမှာပါပဲ။ ကျနော် စကားကို မှတ်ထားကြပါ။ ကျနော် စကားကို မှတ်ထားကြစမ်းပါဗျာ။”

တခြား တက်ကြွလှုပ်ရှားသူ ချန်ဖွေလျံကတော့ ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

ချန်ဖွေလျံ က “ဒီ ဖြစ်ရပ်က လူထုကို သိမြင်နားလည်အောင် လုပ်ပေးနိုင်မယ်လို့ ကျမ မျှော်လင့်ပါတယ်။ သူတို့တွေ ဖြိုချ ဖျက်ဆီးတာကို ရပ်ပစ်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ ကျမတို့က ဒီသမိုင်းဝင်နေရာကို ဆက်လက်ထိန်းသိမ်းချင်တဲ့ ပြည်သူလူထုရဲ့အသံတွေကို စုစည်း အားကောင်းအောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်တာပါပဲ”လို့ ဆိုပါတယ်။

ခုချိန်မှာတော့ လုပ်အန်းဟိုတယ်ဟာ ဟောင်းလောင်း ဖြစ်နေပါတယ်။ မိသားစုကတော့ တရားရုံးရဲ့အဆုံးအဖြတ်ကို စောင့်နေကြပါတယ်။

အေယာဆေအက်က အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် မလေးရှားနိုင်ငံ ကီနီ ကနေ သတင်းပေးပို့ ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013