DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် စွဲဆိုထားသည့် အဂတိအမှုများ အောက်တိုဘာ ၁ ရက် စတင် စစ်ဆေးမည်
DVB
·
September 17, 2021
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် စွဲဆိုထားသည့် အဂတိအမှုများ အောက်တိုဘာ ၁ ရက် စတင် စစ်ဆေးမည်
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မန္တလေးတိုင်း တရားလွှတ်တော်မှာ စွဲဆိုထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအမှု ၄  မှုကို အောက်တိုဘာ ၁ ရက်နေ့မှာ စတင်စစ်ဆေးဖို့ စက်တင်ဘာ ၁၇ ရက် မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးမှာ ဆုံးဖြတ်လိုက်တယ်လို့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။

ဒီနေ့မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးကို နေပြည်တော်မှာပြုလုပ်ခဲ့တာဖြစ်ပြီး မန္တလေးတိုင်းတရားလွှတ်တော်တရားသူကြီးတစ်ယောက် ပါဝင်ခဲ့ပါတယ်။

ဒီအမှုကို အောက်တိုဘာ ၁ ရက်နေ့ သောကြာနေ့မှာ စတင်စစ်ဆေးမှာဖြစ်ပြီး တစ်ပတ်ခြားတစ်ခါ သောကြာနေ့တိုင်း ရုံးချိန်းခေါ်သွားမှာဖြစ်ပါတယ်။

မန္တလေးတိုင်းတရားလွှတ်တော်မှာ အမှုစွဲထားတာဖြစ်ပေမယ့် နေပြည်တော် ဇမ္ဗူသီရိ ခြံအမှတ် ၁ အထူးတရားရုံးမှာပဲ အမှုတွေကို စစ်ဆေးသွားမှာဖြစ်ပါတယ်။  အဂတိအမှုတွေမှာ နေပြည်တော် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးမင်းသူလည်း ပါဝင်နေတယ်လို့ စစ်ကောင်စီက စွပ်စွဲထားတာကြောင့် ဦးမင်းသူအတွက် ရှေ့နေကိုယ်စားလှယ်လွှဲစာတင်သွင်းဖို့လည်းရှိနေပါတယ်။

ရန်ကုန်တိုင်းတရားလွှတ်တော်မှာ စွဲဆိုထားတဲ့ အဂတိအမှုကိုလည်း နေပြည်တော်မှာပဲ စစ်ဆေးဖို့ဖြစ်လာနိုင်ပြီး အကျိုးအကြောင်းအတိအကျကိုတော့မသိရသေးဘူးလို့ ရှေ့နေဦးခင်မောင်ဇော်ကပြောပါတယ်။

စစ်ကောင်စီကစွဲဆိုထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအမှု ၅ ခုအတွက် ရှေ့နေတွေကို ပါဝါလွှဲစာမှာ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၄ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပြီး ဒီကနေ့မှုခင်းစီမံခန့်ခွဲရေးအစည်းအဝေးမှာ တရားရုံးကလက်ခံရယူခဲ့ပါတယ်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီးဖမ်းဆီးထားပြီး အစပိုင်းမှာ သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေ နဲ့ ပို့ကုန်သွင်းကုန် ဥပဒေတွေအပါအဝင်  ပုဒ်မ ၆ ခုနဲ့  တရားစွဲခဲ့တာပါ။

ဇွန်လ ၉ ရက်နေ့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ ထပ်မံ အမှုထပ်ဖွင့်ခဲ့ပါတယ်။ ဇူလိုင် ၁၂ ရက်နေ့ ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မန္တလေးတိုင်းတရားလွှတ်တော်မှာ အဂတိပုဒ်မ အမှုလေးခုနဲ့ ထပ်မံစွဲဆိုခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ အမှု စုစု ပေါင်း ၁၁ မှုအထိရှိနေပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013