DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်တွင် အအေးလွန်ကဲ
DVB
·
December 20, 2013
ချင်းပြည်နယ်တွင် အအေးလွန်ကဲ
Donate to DVB

ခု ၁ ပတ်အတွင်း မြန်မာနိုင်ငံ ဒေသအတော်များများမှာ အအေးဓာတ်တွေ ပိုများနေပြီး ချင်းပြည်နယ်မှာတော့ အပူချိန် ရေခဲမှတ်အောက်ရောက်တဲ့အထိ အအေးဓာတ်ကို အလွန်ကဲဆုံး ခံစားနေရပါတယ်။

မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်းဒေသတချို့မှာ ဒီဇင်ဘာ ၁၆ ရက်နေ့က စတင်ပြီး နောက် ၅ ရက်အတွင်း ညအပူချိန် သိသိသာသာ လျော့နည်းလာနိုင်တယ်လို့ မြန်မာနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒဌာနက ခန့်မှန်းထားတာမှာ လက်ရှိ ချင်းပြည်နယ်က အအေးဆုံးအခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။

[caption id="attachment_48834" align="alignright" width="300"]ဓာတ်ပုံ - ဦးထွန်းလွင် ဓာတ်ပုံ - ဦးထွန်းလွင်[/caption]ချင်းပြည်နယ်မှာ ပုံမှန်အားဖြင့် အပူချိန် အနုတ် ၂ - ၃ ဒီဂရီ စင်တီဂရိတ်အထိ အေးတတ်ပြီး မနေ့က တိုင်းထွာချက်အရတော့ အနုတ် ၂ ဒီဂရီ စင်တီဂရိတ်ရှိနေတဲ့အကြောင်း လက်ရှိ ချင်းပြည်နယ်ရဲ့ အအေးဓာတ်လွန်ကဲမှု အခြေအနေနဲ့ ပတ်သက်ပြီး ချင်းပြည်နယ် မိုးဇလဌာန ဦးစီးမှူး ဦးတင်မောင်နွယ်က ခုလိုပြောပြပါတယ်။

“ဒီရက်ပိုင်းကတော့ မြန်မာတပြည်လုံးပါပဲ။ ချင်းပြည်နယ်မှာတော့ အနုတ် ၂ ရောက်တာ ၂ ရက်ရှိပြီ။ ဒီကနေ့ကတော့ ဇီးရိုး(သုည)ပေါ့။ ၃ ရက်ရှိပြီ အပူချိန် သုညအောက်ကို ကျတာ၊ ဒီမှာတော့ ရေတွေ ခဲတယ်လေ။”

ဟားခါးဒေသခံ တဦးဖြစ်သူ ဦးဟုတ်ချွန်းကတော့ ဒေသခံတွေ အအေးဒဏ် ခံစားနေရတာနဲ့ ပတ်သက်ပြီး ခုလိုပြောပါတယ်။

“အခုလိုအေးစိမ့်နေတာ ၁ ပတ်လောက်ရှိသွားပြီဖြစ်ပြီး သက်ကြီးရွယ်အိုတွေမှာ မီးပုံဘေးက မခွာနိုင်ဘဲ ခြံထဲမှာ စိုက်ထားတဲ့ သီးပင်စားပင်တွေလည်း နှင်းကိုက်လို့ ပျက်စီးကုန်တယ်။”

ဒီကနေ့ မိုးလေ၀သခန့်မှန်းချက်မှာ ချင်းပြည်နယ် ပြီးရင် အအေးဆုံး ဒေသတွေကတော့ ရှမ်းပြည်နယ် လားရှိုးမှာ ၃ ဒီဂရီစင်တီဂရိတ်၊ နမ့်ခမ်းနဲ့ ကျိုင်းတုံမှာ ၁ ဒီဂရီစင်တီဂရိတ်၊ တာချီလိတ်မှာ ၄ ဒီဂရီစင်တီဂရိတ်၊ ကချင်ပြည်နယ် ဗန်းမော်နဲ့ ကယားပြည်နယ် လွိုင်ကော်မှာ အနိမ့်ဆုံး အပူချိန် ၅ ဒီဂရီ စင်တီဂရိတ် အသီးသီး ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အအေးဓာတ်လွန်ကဲမှုကြောင့် ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်က ဟိုမွန်း၊ နားဟုတ်နဲ့ မိုင်းကဲန် စတဲ့ ရွာတွေအပြင်၊ လျှိုမြောင်ကြားက ပလောင်ရွာတွေမှာ သီးပင်စားပင် ပျက်စီးမှုတွေ ရှိခဲ့ပြီး ဆုံးရှုံးမှု စာရင်းအတိအကျကိုတော့ မသိရကြောင်း တန့်ယန်းမြို့လည် ကျောင်းတိုင် ဆရာတော် ဦးပညာဘောဂက မိန့်ပါတယ်။

မြန်မာနိုင်ငံ အနောက်မြောက်ဘက် အိန္ဒိယနိုင်ငံဘက်က လေအေးနဲ့ အရှေ့မြောက် တရုတ်ပြည်ဘက်က လေအေးတွေ တိုးဝင်လာတာကြောင့် ခုလို အအေးဓာတ်တွေ ပိုနေတာဖြစ်ပြီး လာမယ့် ၁ ရက်၊ ၂ ရက်အတွင်း အအေးဓာတ်တွေ လျော့ကာ ပြန်နွေးလာမယ်လို့ မိုးဇလ ညွှန်မှူး ဦးချစ်ကျော်က ပြောပါတယ်။

ကျန်နေတဲ့ ကာလတွေမှာတော့ မိမိကိုယ်ကွယ်နိုင်တဲ့ နည်းလမ်းတွေနဲ့ သဘာဝ အအေးဒဏ်ကို သတိထားရင်ဆိုင်ကြဖို့ ဦးချစ်ကျော်က သတိပေး ပြောကြားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013