DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြ မိုးထိမိုးမိရွှေလုပ်သားများကို ရဲက ဖြိုခွင်း၊ ၉ ဦးဒဏ်ရာရ
DVB
·
December 19, 2013
ဆန္ဒပြ မိုးထိမိုးမိရွှေလုပ်သားများကို ရဲက ဖြိုခွင်း၊ ၉ ဦးဒဏ်ရာရ
Donate to DVB

မန္တလေးတိုင်း ရမည်းသင်းခရိုင်က ရွှေမြင်တင်တောင်ခြေမှာ ဆန္ဒပြတဲ့ မိုးထိမိုးမိ ရွှေလုပ်သား ၁၀၀ ကျော်ကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့တဲ့အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး အပါအ၀င် ဆန္ဒပြသမား ၉ ဦး ဒဏ်ရရှိသွားခဲ့ပါတယ်။

ရမည်းသင်းခရိုင်က မိုးထိမိုးမိ ရွှေတွင်းလုပ်ကွက်တွေမှာ အစိုးရဆီက ကန်ထရိုက်ရ ထားတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက တနိုင်တပိုင် ရွှေတွင်းလုပ်သားတွေကို လုပ်ကွက်ငယ်တွေ လုပ်ကိုင်ခွင့်မပြုတော့ဘဲ ဖယ်ရှားခိုင်းတာကြောင့် ရာချီတဲ့ ရွှေလုပ်သားတွေဟာ အောက်တိုဘာလကတည်းက ဆန္ဒပြခဲ့ကြတာပါ။

Mo Hti Moe Mi ရွှေလုပ်သားတွေဟာ သူတို့လုပ်နေတဲ့ အင်းအက်တာတွေကို ပြန်လည်လုပ်ကိုင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ကြပြီး သူတို့ တောင်းဆိုချက်တွေကို အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက လိုက်လျောမှုမရှိတဲ့အတွက် ရွှေမြင်တင် တောင်ခြေကနေ ရမည်းသင်းကို ချီတက်ဆန္ဒပြချိန် လမ်းမှာ ဖြိုခွင့်ခံရတာလို့ ဆန္ဒပြသမား ကိုဝင်းအောင်က ပြောပါတယ်။

“အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက ကျနော်တို့ တောင်းဆိုချက်တွေကို တချက်မှ မလိုက်လျော့ဘူး။ ဒါကြောင့် ကျနော်တို့ တောင်းဆိုချက်တွေကို အော်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ရွှေမြင်တင်တောင်ခြေကနေထွက်ပြီး ရမည်းသင်း ဆည်ကျေးရွာနား ရောက်ခါနီးမှာ ဖြိုခွဲတာ ခံခဲ့ရတာပါ။ ဒဏ်ရာရတဲ့ သူက ၁၄ ယောက်လောက်ရှိတယ်။ ၉ ယောက်ကို ဆေးရုံတင်ထားရတယ်။ ကျန်တဲ့သူတွေကတော့ သက်သာတယ်ပြောတယ်။”

ဒီလိုဖြိုခွင်းခံရပြီးတဲ့နောက် ခရိုင်အုပ်ချုပ်ရေးမှူးက အမြန်ဆုံးဖြေရှင်းပေးမယ်လို့ ပြောဆို ခဲ့ပေမယ့် ဒီကနေ့မှာ ညှိနှိုင်းမှုတွေမလုပ်ဘဲ အလုပ်သမားတွေ အခြေစိုက်ရာ သပိတ်စခန်းကို လည်း မီးတွေ ဖြတ်တောက်လိုက်သလို ရဲအင်အားတိုးချဲချထားပြီး ဖမ်းဆီးမယ်ဆိုပြီး ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။

ဒီအခြေနေကို သွားရောက်သတင်းယူနေတဲ့ သတင်းထောက်တဦးကလည်း သူမြင်တွေရတာတွေ ကို အခုလို ပြောပါတယ်။

“ရဲအင်အား ၃၀ ကျော်ထပ်ဖြည့်ထားတယ်။ အခုဆိုရင် ရဲအင်အား ၁၃၀ ကျော်ရှိနေပြီး သပိတ်စခန်းကို ပိတ်ဆို့ထားတယ်။ အခုထိ ရဲတွေဘက်က လှုပ်ရှားမှုမရှိသေးဘူး။ မနက်တုန်းက အတင်းဝင်ဖမ်းဖို့ ကြိုးစားချိန်မှာ သပိတ်စခန်းက ရွှေလုပ်သားတွေ ပြန်တွန်းလှန်တဲ့အတွက် ဆုတ်သွားတယ်။ အခု သပိတ်စခန်းရဲ့ ကိုက် ၅၀ နဲ့ ၂၀၀ ၀န်းကျင်မှာ ရဲတွေက နေရာ ယူထားတယ်။”

မိုးထိမိုးမိရွှေဒေသမှာ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီလုပ်ကိုင်နေတဲ့ ရွှေတွင်းလုပ်ကွက် ဇုန်ပေါင်း ၁၃ ဇုန်ရှိပြီး ကုမ္ပဏီက လက်ခွဲချပေးထားတဲ့ ရွှေတူးလုပ်ငန်းငယ်ပေါင်း ၃၀၀ ကျော်နဲ့ ရွှေလုပ်သားအင်အား စုစုပေါင်း ၅ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013