DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်ကဖမ်းဆီးထားသည့် ကေအန်ယူ ထားဝယ်မြို့နယ် ဥက္ကဋ္ဌ ပြန်လွတ်မြောက်
DVB
·
September 16, 2021
စစ်ကောင်စီတပ်ကဖမ်းဆီးထားသည့် ကေအန်ယူ ထားဝယ်မြို့နယ် ဥက္ကဋ္ဌ ပြန်လွတ်မြောက်
Donate to DVB

စစ်ကောင်စီတပ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄၊ ထားဝယ်မြို့နယ်ဥက္ကဋ္ဌ ပဒိုစောဆီး (စောချဲ) နဲ့ ကေအန်ယူရဲတပ်ဖွဲ့ဝင် စောထူးလေးတို့ ပြန်လွတ်လာပြီလို့ ကေအန်ယူမြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက ဒီဗွီဘီကို ပြောပါတယ်။ 

ဥက္ကဋ္ဌ ပဒိုစောဆီးကို  စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာ ၉ ရက်နေ့မှာ ထားဝယ်ခီးမှအပြန် ထားဝယ်မြို့နယ် ပကာရီကျေးရွာအနီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ 

ကားပေါ်လက်နက်ပါလို့ဆိုပြီး  စစ်ကောင်စီတပ်က  ဖမ်းဆီးခဲ့တာဖြစ်ပြီး  အမှတ် ၈ စစ်ကွပ်ကဲရေးဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၄၀၂ မှာ ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းပြီး ၅ ရက်ကြာ စက်တင်ဘာ ၁၄ ရက်နေ့မှာတော့  ခေါင်းဆောင်းပိုင်တွေ ညှိနှိုင်းမှု ပြုလုပ်ပြီးနောက် ပြန်လွှတ်ပေးခဲ့တာလို့ ပဒိုအယ်နာက ပြောပါတယ်။ 

လူပြန်လွှတ်လာပေမယ့် လက်နက်ငယ် ၉ မမ နှစ်လက်နဲ့  ပွိုင့် ၂၂ တလက်ကိုတော့ စစ်ကောင်စီတပ်က သိမ်းဆည်းထားတယ်လို့ဆိုပါတယ်။ 

အလားတူ တနင်္သာရီမြို့နယ်ဘက်က ကေအန်ယူရဲတပ်ဖွဲ့ဝင်ရှိတဦးဖြစ်တဲ့ စောထူးလေးကိုလည်း စစ်ကောင်စီတပ်က အဆိုပါနေ့မှာ ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ စောထူးလေးကို ခမရ (၉၁၅) က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးစစ်ဆေးနေစဉ် စစ်ကောင်စီဘက်က သူ့ကို ဖမ်းဆီးနှိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။

ကေအန်ယူ တပ်မဟာ ၄ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စက်တင်ဘာ ၇ ရက်နေ့မှာ တိုက်ပွဲဖြစ်ပြီး ဒေသခံရွာသား ရာချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

လက်ရှိမှာတော့ ကေအန်ယူတပ်မဟာ ၄ မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ဖြစ်ပွားမှု မရှိသေးသလို စစ်ကောင်စီဘက် အင်အားတိုးချဲ့လာတာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013