DVB Logo
Home
မြန်မာသတင်း
မြောက်ကိုရီးယားနှင့် စစ်လက်နက်အရောင်းအ၀ယ် မရှိဟုဆို
DVB
·
December 19, 2013
မြောက်ကိုရီးယားနှင့် စစ်လက်နက်အရောင်းအ၀ယ် မရှိဟုဆို
Donate to DVB

မြောက်ကိုရီးယားနဲ့ စစ်လက်နက်အရောင်းအ၀ယ်ကိစ္စမှာ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန် ဘဏ္ဍာရေးဌာနက အရေးယူလိုက်တဲ့အပေါ် ကာယကံရှင် မြန်မာကုမ္ပဏီက ပတ်သက်မှု မရှိကြောင်း ငြင်းဆိုလိုက်ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ မြန်မာကုမ္ပဏီတွေအနေနဲ့ မြောက်ကိုရီးယားအစိုးရအဖွဲ့နဲ့ လက်တွဲပြီးတော့ မြန်မာစစ်အစိုးရအတွက် စစ်လက်နက်ဆိုင်ရာ ကုန်ကြမ်းပစ္စည်းတွေကို တင်သွင်းပေးနေတာလို့ ဆိုပါတယ်။

[caption id="attachment_48679" align="alignright" width="300"]လက်နတ်တွေ သယ်ဆောင်လာတဲ့ မြောက်ကိုရီးယား သင်္ဘောတစီးကို ပနားမား တူးမြောင်းတွင် ဖမ်းဆီးရမိစဉ် (ဓာတ်ပုံ - Reuters) လက်နတ်တွေ သယ်ဆောင်လာတဲ့ မြောက်ကိုရီးယား သင်္ဘောတစီးကို ပနားမား တူးမြောင်းတွင် ဖမ်းဆီးရမိစဉ် (ဓာတ်ပုံ - Reuters)[/caption]အရေးယူဒဏ်ခတ်တဲ့ စာရင်းမှာပါဝင်တဲ့ Asia Metal ကုမ္ပဏီလီမိတက်အနေနဲ့ မြန်မာအစိုးရပိုင် ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံအတွက် အဆောက်အဦအပါအ၀င် ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတွေကို ဖြန့်ဖြူးပေးခဲ့တဲ့အပြင် ဒီအဆောက်အဦမှာ မြောက်ကိုရီးယားနိုင်ငံက ခန့်မှန်းလူဦးရေ အယောက် ၃၀ လောက်နဲ့လည်း ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက အတူလက်တွဲဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခုလို စွပ်စွဲခဲ့တဲ့အပေါ် သူတို့ကုမ္ပဏီအနေနဲ့ စစ်အစိုးရအတွက် ဘာပစ္စည်းမျှ ၀ယ်ယူပေးခဲ့ခြင်း မရှိပေမယ့် ဆောက်လုပ်ရေးကုမ္ပဏီဖြစ်တာကြောင့် အဆောက်အဦကိုတော့ ဆောက်လုပ်ပေးခဲ့တယ်လို့ Asia Metal ကုမ္ပဏီလီမိတက် အထွေထွေမန်နေဂျာ ဦးထိန်လင်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ပစ္စည်းမ၀ယ်ပေးဘူး။ ၂၀၀၈၊ ၂၀၁၀ ခုနှစ်လောက် ကျနော်တို့ ဆောက်လုပ်ရေး လုပ်ငန်းလုပ်တဲ့အတွက် အဆောက်အဦ ဆောက်လုပ်ပေးခဲ့မိတယ်။ ဆောက်တုန်းက ဘာလုပ် မယ်ဆိုတာ ကျနော်တို့ သိခွင့်မရှိဘူး။ ကျနော်တို့ ဆောက်လုပ်ရေးလုပ်တဲ့အတွက် အဆောက်အဦ ဆောက်ပေးခဲ့တယ်။ ဒါက ရိုးရိုးလေးပေါ့။ မနေ့က ဒီလိုပါလာတော့မှာ ကျနော်တို့လည်း အံ့အားသင့်တာပေါ့ဗျာ။”

အမေရိကန်ဘဏ္ဍာရေးဌာနက အခုလို ဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့အပေါ် ဒါဟာ အထင်လွဲမှားမှုသာ ဖြစ်မယ်လို့ ယူဆတဲ့အကြောင်း သူက ဆက်လက်ပြောဆိုပါတယ်။

Asia Metal ကုမ္ပဏီလီမိတက်အနေနဲ့ အင်ဂျင်နီယာတပ်အတွက် ၂၀၀၈ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ် ၀န်းကျင် လာက်က မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းဒေသကြီး အတွင်းမှာ အဆောက်အဦတွေ ဆောက်လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဆောက်လုပ်ခဲ့ရတဲ့ အဆောက်အဦ ပုံစံအနေနဲ့ စက်မှုဇုန်တွေမှာရှိတဲ့ သာမန်ဂိုဒေါင် ပုံစံမျိုးသာ ဆောက်လုပ်ပေးခဲ့ကြောင်းနဲ့ အဆောက်အဦ အရေအတွက် မည်မျှဆောက်လုပ်ပေးခဲ့တာကိုတော့ မသိကြောင်း ဦးထိန်လင်းက ပြောပါတယ်။

အမေရိကန်ဘဏ္ဍာရေးဌာနက မြောက်ကိုရီယားနိုင်ငံနဲ့ စစ်လက်နက် အရောင်းအ၀ယ် လုပ်တဲ့ကိစ္စ အပါအ၀င် စစ်ဘက်ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ပတ်သက်မှုရှိတယ်ဆိုပြီး ပိတ်ဆို့ဒဏ်ခတ်လိုက်တဲ့အထဲမှာ စစ်ဘက်ဆိုင်ရာ အရာရှိတဦးအပါအ၀င် မြန်မာကုမ္ပဏီတွေဖြစ်တဲ့ Asia Metal ကုမ္ပဏီလီမိတက်၊ စိုးမင်းထိုက် ကုမ္ပဏီလီမိတက်နဲ့ Excellence Mineral Manufacturing ကုမ္ပဏီလီမိတက်တို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013