DVB Logo
Home
Lead Story
လှည်းကူးဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ သုံးမည်
DVB
·
December 19, 2013
လှည်းကူးဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ သုံးမည်
Donate to DVB

ရန်ကုန်တိုင်း၊ လှည်းကူးမြိုနယ်အတွင်း ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ သုံးဖို့ လုပ်ငန်းလျာထားချက်တွေ အားလုံး လုပ်ဆောင်ထားပြီးဖြစ်တယ်လို့ မြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

[caption id="attachment_30104" align="alignright" width="300"]ဦးဖြိုးမင်းသိန်း - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဖြိုးမင်းသိန်း - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်[/caption]

ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ သုံးဖို့ ဒေသတွင်း လွှတ်တော်ကိုယ်စားလှယ် ၄ ဦးနဲ့ ကော်မတီတရပ်ဖွဲ့ပြီး ဦးဆောင်အကောင်အထည်ဖော်တာဖြစ်တယ်။ မြို့နယ်နဲ့ ရပ်ကွက် ဒေသဖွံ့ဖြိုးရေး အထောက်အကူပြုအဖွဲ့တွေနဲ့ ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်တယ်လို့လည်း ပြောပါတယ်။

ဖွံ့ဖြိုးရေးရန်ပုံငွေသုံးဖို့ ဒေသတွင်း အကောင်အထည်ဖော်မယ့် လုပ်ငန်းတွေကို ၁ လလောက် အချိန်ယူလုပ်ဆောင်ခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။

ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ သုံးဖို့ ပြည်ထောင်စုလွှတ်တော်က ချပေးထားတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း လွှတ်တော်ကိုယ်စားလှယ်တွေက အကောင်အထည် ဖော်နေကြတာဖြစ်ပြီး ရေရရှိရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ တခြား ဒေသလိုအပ်ချက်တွေ လုပ်ဆောင်ပေးရမယ်လို့ သိရပါတယ်။

မြို့နယ်လွှတ်တော်ကော်မတီ၊ မြို့နယ်နဲ့ ရပ်ကွက် ဒေသဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့တွေ ဖွံ့ဖြိုးရေးရန်ပုံငွေသုံးဖို့ ဘယ်လို တာဝန်ယူ လုပ်ဆောင်ကြမှာလဲဆိုတာနဲ့ ပတ်သက်ပြီး လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကို ဆက်သွယ်မေးမြန်း ထားပါတယ်။

အသံဖိုင် နားဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013