DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးမူသစ် ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းရေးဆွဲ
DVB
·
December 19, 2013
ငြိမ်းချမ်းရေးမူသစ် ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းရေးဆွဲ
Donate to DVB

ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းဟာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မူဘောင်တွေကို လေ့လာသုံးသပ် ဆွေးနွေးခဲ့ကြပြီးတဲ့နောက် မူဘောင်သစ်တရပ်ချပြဖို့ ရှိတယ်လို့ ဖက်ဒရေးရှင်း ပြောရေးဆိုခွင့်ရှိသူ ဦးစောသန်းမြင့်က ပြောပါတယ်။

[caption id="attachment_48820" align="alignright" width="300"]ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) အဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစိုးရနှင့် သဘော တူညီချက်များကို နိုင်ငံခြား ပညာရှင်နှင့် အတူ ပြန်လည် သုံးသပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲအား ဇူလိုင်လ ၁၄ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ NBF) ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) အဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစိုးရနှင့် သဘော တူညီချက်များကို နိုင်ငံခြား ပညာရှင်နှင့် အတူ ပြန်လည် သုံးသပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲအား ဇူလိုင်လ ၁၄ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ NBF)[/caption]

တိုင်းရင်းသားပါတီ ၁၆ ပါတီနဲ့ ဖွဲ့စည်းထားတဲ့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းအနေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးမူဘောင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး မူဘောင်နှစ်ခုကို သုံးကြိမ်တိုင် လေ့လာ ဆွေးနွေးသုံးသပ်ပြီး မူသစ်တခုချပြဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၈ ရက် တတိယအကြိမ်မြောက် ဆွေးနွေးပွဲအပြီးမှာတော့ တောင်အာဖရိက နိုင်ငံက ပညာရှင်တဦးရဲ့ အကူအညီနဲ့ ဖက်ဒရေးရှင်းက မူဘောင်ရေးဆွဲခဲ့ပြီး ချပြဖို့ အသင့်ဖြစ်နေပြီလို့ ဦးစောသန်းမြင့်က ပြောပါတယ်။

“ကျနော်တို့ရဲ့ အဓိက ရည်ရွယ်ချက်က လက်ရှိအစိုးရ မူဘောင်နဲ့ တိုင်းရင်းသားလက်နက်ကိုင် ကြားထဲမှာရှိတဲ့ မူဘောင် နှစ်ကို အတက်နိုင်ဆုံး ပြေလည်အောင် ညှိတဲ့ နည်းလမ်းကို ရှာပြီးတော့ အဲဒီ မူဘောင်ကို သီးသန့်ဆွဲမယ်။ ဆွဲပြီးရင် အစိုးရကိုလည်း ချပြမယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေကိုလည်း ပြန်ပြီး ညှိနှိုင်းမယ်။ ဒီလိုလုပ်မယ်ဆိုရင် ငြိမ်းချမ်းရေး လမ်းကြောင်းက ပိုပြီးနီးလာမလားဆိုတဲ့ ယုံကြည်ချက်နဲ့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းအနေနဲ့ လေ့လာ သုံးသပ်ပြီး သွားရမယ့်လမ်းကြောင်းကို မူဘောင် ရေးဆွဲတာပေါ့။”

အစိုးရက တနိုင်ငံလုံးအပစ်ရပ် လက်မှတ်ထိုးပြီးမှ နိုင်ငံရေးဆွေးနွေးပွဲတွေဆီ သွားမယ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ အရင်လုပ်ချင်တယ် ဒီလိုမျိုး အစီအစဉ် မတူတာတွေ၊ အခေါ်အဝေါ် အသုံးအနှုန်း လွဲနေတာတွေကအစ ဆွေးနွေးသုံးသပ်ပြီး ဒီမူဘောင်သစ်ကို ပိုမိုကောင်းမွန်အောင် ရေးဆွဲထားတာလို့လည်း ပြောပါတယ်။

ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းရဲ့ ငြိမ်းချမ်းရေးမူဘောင်သစ်ကို လာမယ့် ဇန်န၀ါရီလဆန်းမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ထံ ချပြသွားမှာလည်း ဖြစ်ပါတယ်။

ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းရဲ့ ဆွေးနွေးပွဲတွေကိုတော့ နေပြည်တော်မှာ ၂ ကြိမ်၊ ရန်ကုန်မှာ ၁ ကြိမ် ပြုလုပ်ခဲ့ကြပြီး အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ၀ ဒီမိုကရက်တစ်ပါတီနဲ့ ၀ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ စတဲ့ ပါတီ ၃ ခုကလွဲပြီး ကျန် ၁၃ ပါတီက ကိုယ်စားလှယ် ၄၈ ဦး တက်ရောက် ဆွေးနွေးခဲ့ကြတာပါ။

ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း(အန်ဘီအက်ဖ်)ကို ပြည်တွင်း တိုင်းရင်းသား ပါတီတွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီ စတဲ့ပါတီတို့ စုပေါင်းပြီး ၂၀၁၂ ခုနှစ်က စတင် ဖွဲ့စည်းခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013