DVB Logo
Home
မြန်မာသတင်း
သေနတ်ဖြင့် အချက်များစွာ ပစ်ခံရပြီး ကျဆုံးခဲ့သည့် NLD အလုပ်အမှုဆောင် အပါအဝင် ကျဆုံး ပြည်သူ ၁၀၉၀ ကျော်လာ
DVB
·
September 16, 2021
သေနတ်ဖြင့် အချက်များစွာ ပစ်ခံရပြီး ကျဆုံးခဲ့သည့် NLD အလုပ်အမှုဆောင် အပါအဝင် ကျဆုံး ပြည်သူ ၁၀၉၀ ကျော်လာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၇ လခွဲအကြာ အကြမ်းဖက်စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁၀၉၃ ယောက် ရှိလာပြီ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ အေအေပီပီ က ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပို နိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၈၁၈၄ ယောက် ဖမ်းဆီးခံခဲ့ရကာ ၆၅၃၃ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၇၅ ယောက်က တော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအ တွက်ကတော့ ၁၉၈၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက် အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

စက်တင်ဘာ ၁၄ ရက်ညနေပိုင်းက မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်မှာ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးနိုင်လင်းဟာ ဝန်ရကျေးရွာအုပ်စု၊ ခင်ပလူကျေးရွာရှိ နေအိမ်မှာ ရှိနေချိန် ရဲတွေဝင်ရောက်လာပြီး သေနတ်နဲ့ အချက်ပေါင်းများစွာပစ်ခတ်ခဲ့တဲ့အတွက် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံအရောက်မှာ ကျ ဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၃ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့ နယ်၊ လက်ပံသုံးပင်ကျေးရွာက မြို့နယ် NLD ပါတီဝင် အသက် ၆၀ အရွယ်ရှိ ဦးသန်း အေးဟာလည်း စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး နေ့ချင်း ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဦးသန်းအေးရဲ့ ရုပ်အလောင်းကို မိသားစုကို အသိပေးခြင်းမရှိဘဲ အကြမ်း ဖက် စစ်အုပ်စုက နောက်တနေ့ စက်တင်ဘာ ၁၄ ရက်မှာ သင်္ဂြိုလ်ခဲ့ကြောင်း သိရှိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကျောက်ဆည်ကျေးရွာကို အကြမ်းဖက် စစ်အုပ်စုတပ်တွေက စက်တင်ဘာ ၁၄ ရက်က ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ် ၂ လုံးကို မီး ရှို့ခဲ့တဲ့အပြင် ကျေးရွာဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ အသက် ၅၅ နှစ်အရွယ် ဒေသခံ ဦးသောင်းမြင့်နဲ့ သက်ကြီးပိုင်း အမျိုးသားတယောက်တို့ကို သတ်ဖြတ်သွားခဲ့ကြောင်း သိရှိရပါတယ်။

စက်တင်ဘာ ၁၄ ရက်ညအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဘီခို ကျေးရွာမှာ နေထိုင်တဲ့ ကိုသက်လွင်ဦးကို အကြမ်းဖက်စစ်တပ်က ပစ်သတ်သွားခဲ့ကြောင်း သိရှိရပါတယ်။ ကိုသက်လွင်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်တယ်လို့ စွပ်စွဲတိုင် ကြားခံခဲ့ရပြီး စစ်တပ်က သူ့နေအိမ်မှာ လာရောက်ဖမ်းဆီးစဉ် ထွက်ပြေးခဲ့တာကြောင့် ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး သူ့ရဲ့ ရုပ်အလောင်းကို စစ်တပ်က ယူဆောင်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အကြောင်းကြားဖို့ အသိပေး ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013