DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်စာချုပ်မူကြမ်းကိစ္စ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ ဆွေးနွေး
DVB
·
December 19, 2013
အပစ်ရပ်စာချုပ်မူကြမ်းကိစ္စ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ ဆွေးနွေး
Donate to DVB

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုပ်မူကြမ်းနဲ့ ပတ်သက်ပြီး လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်ရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)ဟာ ဒီဇင်ဘာ ၁၈ ရက်နေ့ကစပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆွေးနွေးနေကြပါတယ်။

KIA1ဒီ ဆွေးနွေးပွဲကို ၃ ရက်တာ ကျင်းပမှာ ဖြစ်ပြီး တိုင်းရင်းသားတွေက ဆွေးနွေးတဲ့ ရလဒ်တွေကို မိမိတို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ပြန်လည်တင်ပြသွားမယ်လို့ အစည်းအဝေး တက်ရောက်ခဲ့သူ ယူအန်အက်စီ တွဲဖက်အတွင်းရေးမှူး ခွန်ဥက္ကာက ပြောပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်ရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့ကလည်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး တိုင်းရင်းသားတွေဘက်က ပြင်ဆင်ထားတဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုပ်မူကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေး သုံးသပ်ခဲ့ကြပါတယ်။

ဒီမူကြမ်းနဲ့ ပတ်သက်ပြီးတော့လည်း အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီရဲ့ အကြံပေးချက်ကို ပြန်လည်သုံးသပ်ဆွေးနွေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013