DVB Logo
Home
Lead Story
အာဆီယံထိပ်သီး အစည်းအဝေးအတွက် BMW ကား ၉၅ စီး စပွန်ဆာပေးမည်
DVB
·
December 19, 2013
အာဆီယံထိပ်သီး အစည်းအဝေးအတွက် BMW ကား ၉၅ စီး စပွန်ဆာပေးမည်
Donate to DVB

လာမယ့် ၂၀၁၄ ခုနှစ်အတွင်း ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲတွေအတွင်း အာဆီယံခေါင်းဆောင်တွေနဲ့ ၀န်ကြီးတွေ အသုံးပြုဖို့ BMW ကားကုမ္ပဏီကနေ မြန်မာအစိုးရကို ကား ၉၅ စီး ပံ့ပိုးကူညီသွားမယ်လို့ ကုမ္ပဏီက ထုတ်ပြန်ကြေငြာပါတယ်။

[caption id="attachment_48797" align="alignright" width="300"]ဓာတ်ပုံ - bmw-sg.com ဓာတ်ပုံ - bmw-sg.com[/caption]လာမယ့် ၂၀၁၄ မေလနဲ့ နိုဝင်ဘာမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်လာမယ့် နိုင်ငံတကာ ခေါင်းဆောင်တွေဟာ အရည်အသွေးကောင်းတဲ့ BMW 7 Series ကားတွေကို အသုံးပြုနိုင်ကြမှာ ဖြစ်ပါတယ်။

လက်ရှိ ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အတွင်းမှာလည်း Octagon international services ကုမ္ပဏီက အားကစားသမားတွေ၊ နည်းပြတွေနဲ့ တာဝန်ရှိသူတွေစီးဖို့ Scania ဘတ်စ်ကားသစ် တွေကိုလည်း အကူအညီ ပေးထားပါသေးတယ်။

BMW ကုမ္ပဏီဟာ ကျင်းပပြီးသွားပြီဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ ဘရူနိုင်း အာဆီယံ ထိပ်သီးအစည်းအဝေးတုန်းကလည်း ကားတွေ စပွန်ဆာပေးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013