
မကွေးတိုင်းဒေသကြီး ထီးလင်းမြို့နယ် ကန်ဇွန်းထောင့် ကျေးရွာမှာ စက်တင်ဘာ ၁၄ ရက်နေ့ညက အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတစ်ယောက်က “မနေညပိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ သတင်းပေးဒလန် ဥက္ကာစိုးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ကျည်ဆန်ထိမှန်ပြီးသေဆုံးခဲ့တယ်” လို့ ပြောပါတယ်။
ပစ်သတ်ခံရတဲ့ ဥက္ကာစိုးဟာ အကြမ်းဖက်စစ်ကောင်စီကို သတင်းပေးဒလန်လုပ်ကိုင်သလို စစ်ကောင်စီနဲ့ပေါင်းပြီး ဒေသခံပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတာကြောင့် အခုလို ပစ်သတ်ခံရတာဖြစ်ပြီး ဘယ်အဖွဲ့စည်းက လုပ်သွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ထီလင်းမြို့နယ်ထဲက အင်းနားရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့ညကလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ သတင်းပေး ဒလန်တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရသလို သြဂုတ်လ ၂၃ ရက်နေ့မှာလည်း ကင်းပန်းရွာက ဒလန်တစ်ယောက် ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။