DVB Logo
Home
Lead Story
ရန်ကုန်- မြ၀တီ- ဘန်ကောက် ခရီးစဉ် ပြေးဆွဲမည်
DVB
·
December 19, 2013
ရန်ကုန်- မြ၀တီ- ဘန်ကောက် ခရီးစဉ် ပြေးဆွဲမည်
Donate to DVB

လာမယ့် ၂၀၁၄ နှစ်ဆန်းပိုင်းကျရင် ကျပ်ငွေ ၃ သောင်းပဲ ကုန်ကျမယ့် ရန်ကုန်- မြ၀တီ- ဘန်ကောက် ၂ ထပ် ဘတ်စ်ကားလိုင်းသစ် ပြေးဆွဲမယ်လို့ ရန်ကုန်-အဲဘတ်စ် တက္ကစီ ကုမ္ပဏီ တာဝန်ရှိသူ ဦးဇွန်မောင်မောင်က ဒီဇင်ဘာ ၁၇ ရက်နေ့က ရန်ကုန်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

imagesဒီခရီးစဉ်ကို ကိုရီးယားနဲ့ ဂျပန်နိုင်ငံထုတ် ၂ ထပ် ဘတ်စ်ကားတွေနဲ့ ရန်ကုန်- ဘန်ကောက် ၁၂ နာရီလောက်ပဲ ပြေးဆွဲမယ်လို့ ကြေငြာပေမယ့် ကရင်ပြည်နယ် ကော့ကရိတ်- မြ၀တီ ဒေါန တောင်ကျော်လမ်းဟာ အလွန်ကြမ်းတမ်း ဆိုးရွားတဲ့အတွက် အဲဒီလောက် အချိန်နဲ့ မဖြစ်နိုင်ဘူး လို့ မြ၀တီမြို့ခံ ကုန်သည်တချို့က ပြောပါတယ်။

ရန်ကုန်-အဲဘတ်စ် တက္ကစီကုမ္ပဏီဟာ အဲဒီ ဘန်ကောက် ခရီးစဉ်တင်မက ရန်ကုန်- ထားဝယ်- ဘန်ကောက် ခရီးစဉ် အပါအ၀င် ခရီးစဉ်ပေါင်း အများအပြားပြေးဆွဲမယ်လို့လည်း ကြေညာထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013