DVB Logo
Home
Lead Story
ဆီးဂိမ်း အထူးရထား စပြီးပြေးဆွဲတော့မည်
DVB
·
December 19, 2013
ဆီးဂိမ်း အထူးရထား စပြီးပြေးဆွဲတော့မည်
Donate to DVB

နေပြည်တော်မှာ ပြောင်းပြီး ကျင်းပတော့မယ့် ဘောလုံးပွဲတွေ အပါအ၀င် ဆီးဂိမ်း အားကစားပွဲတွေ ကြည့်နိုင်ဖို့ ရန်ကုန်-နေပြည်တော်၊ မန္တလေး-နေပြည်တော် အထူးရထားတွဲတွေကို ဒီဇင်ဘာ ၁၉ ရက်နေ့က စပြီး ပြေးဆွဲပေးနေပြီလို့ ဆီးဂိမ်း သတင်းထုတ်ပြန်ရေးအဖွဲ့က ကြေငြာပါတယ်။

trainဆီးဂိမ်း အမျိုးသားနဲ့ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်တွေကို ရန်ကုန်နဲ့ မန္တလေးမှာ ကျင်းပခဲ့ပြီး အကြိုဗိုလ်လုပွဲနဲ့ ဗိုလ်လုပွဲတွေကို နေပြည်တော်မှာ ကျင်းပမှာဖြစ်ပါတယ်။

အထူးပြေးဆွဲပေးမယ့် ရထား၂ စင်းထဲက ရန်ကုန်က ရထားဟာ မနက် ၅ နာရီခွဲနဲ့ မန္တလေးက ရထားက မနက် ၉ နာရီ မှာ နေပြည်တော်ကို ထွက်ခွာမှာ ဖြစ်ပါတယ်။

ရထားတစီးမှာ ရိုးရိုးတန်း ၁၀ တွဲနဲ့ အထက်တန်း ၂ တွဲ ပါဝင်ပြီး လက်မှတ်ခက ရိုးရိုးတန်း ၁၈၅၀၊ အထက်တန်း ၃၇၀၀ ဖြစ်ပါတယ်။ ဒီရထားတွဲကို ဒီဇင်ဘာ ၂၁ ရက်နေ့အထိပဲ ပြေးဆွဲမှာ ဖြစ်တယ်လို့ ကြေငြာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013