DVB Logo
Home
မြန်မာသတင်း
(၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ သံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက်
DVB
·
September 15, 2021
(၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ သံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက်
1 / 3
Donate to DVB

(၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဖွင့်ပွဲနဲ့ အစည်းအဝေးတွေကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ  စက်တင်ဘာ ၁၄ ရက်နေ့က စတင်ကျင်းပရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း တက်ရောက်ခဲ့ပါတယ်။

ဒီ့မတိုင်ခင်က ကုလသမဂ္ဂအစည်းအဝေးတွေကို စစ်ကောင်စီဘက်ကလည်း မတက်ရောက်ရ၊ လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ သံအမတ်ကြီးဦးကျော်မိုးထွန်းကိုလည်း  စကားပြောမရဆိုတဲ့ အမေရိကန်နဲ့တရုတ်ကြား အလွတ်သဘော သဘောတူညီချက်ရရှိထားကြောင်း နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းကို ကိုးကားပြီး သတင်းတွေထွက်ပေါ်ထားပါတယ်။

အခုတခေါက် အထွေထွေညီလာခံမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရွေးချယ်ဖို့ အရည်အချင်းစစ် ကော်မတီ (Credentials Committee) ကို ဘဟားမားစ်၊ ဘူတန်၊ ချီလီ၊ တရုတ်၊ ရုရှား၊ ဆီရာလွန်၊ နမီးဘီးယား၊ ဆွီဒင်နဲ့ အမေရိကန်ပြည်ထောင်စု စတဲ့ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဖွဲ့စည်းလိုက်ပါတယ်။

ဒီကော်မတီကနေ အာဏာသိမ်းစစ်ကောင်စီနဲ့ NUG အစိုးရကြား အားပြိုင်နေတဲ့ မြန်မာနိုင်ငံကိုယ်စားပြုမှုကို နိုဝင်ဘာလောက်မှာမှ ဆုံးဖြတ်ဖွယ်ရှိနေတာကြောင့် လတ်တလောမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။

အရင်တခေါက် ကုလအထွေထွေညီလာခံမှာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းဟာ အာဏာသိမ်းစစ်ကောင်စီဘက်မလိုက်ဘဲ မြန်မာပြည်သူလူထုနဲ့ ရပ်တည်ပြီး မြန်မာပြည်အခြေအနေတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒီအတွက် စစ်ကောင်စီဘက်ကနေ တိုင်းပြည်သစ္စာဖောက်အဖြစ်ကြေညာပြီး စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ပြောင်းလဲနိုင်ဖို့ကို နည်းလမ်းပေါင်းစုံနဲ့ အသည်းအသန်ကြိုးစားနေခဲ့တာဖြစ်ပါတယ်။

ပြည်တွင်းပြည်ပက မြန်မာပြည်သူလူထုတွေကတော့ သံအမတ်ကြီး  ဦးကျော်မိုးထွန်းကို  ဆက်လက် ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013