DVB Logo
Home
Lead Story
လာမယ့်နှစ် ကုလားတန် ဘက်စုံစီမံကိန်း ပထမအဆင့် ပြီးမည်
DVB
·
December 19, 2013
လာမယ့်နှစ် ကုလားတန် ဘက်စုံစီမံကိန်း ပထမအဆင့် ပြီးမည်
Donate to DVB

စီမံကိန်းတခုလုံးအတွက် ဒေါ်လာ သန်း ၂၀၀ ကျော် အကုန်အကျခံပြီး အိန္ဒိယနိုင်ငံက အဆင့် ၃ ဆင့်ခွဲပြီး အကောင်အထည်ဖော်နေတဲ့ ကုလားတန်မြစ် ဘက်စုံစီမံကိန်းရဲ့ ပထမအဆင့်ကို လာမယ့် ၂၀၁၄ ဇွန်လမှာ အပြီးသတ်မယ်လို့ စီမံကိန်း ကန်ထရိုက်တာက ပြောတာကို ကိုးကားပြီး ဒီဇင်ဘာ ၁၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြပါတယ်။

india-myanmar-kaladan-project_26စီမံကိန်း ပထမအဆင့်မှာ စစ်တွေဆိပ်ကမ်း တည်ဆောက်ရေးနဲ့ ကုလားတန်မြစ်ကြောင်း တူးဖော် ချဲ့ထွင်ရေးလုပ်ငန်းတွေ ပါဝင်ပါတယ်။

ဒုတိယအဆင့်အဖြစ် ပလက်ဝကနေ နယ်စပ်အထိ လမ်းဖောက်လုပ်ရေးလုပ်ငန်း ပါဝင်မှာဖြစ်ပြီး တတိယအဆင့်မှာတော့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံ ချင်းပြည်နယ်အကြား အဝေးပြေးလမ်း ဖောက်လုပ်ရေးလုပ်ငန်းတွေ ပါဝင်ပါတယ်။

ဒီ စီမံကိန်းကို မြန်မာ- အိန္ဒိယ နှစ်ဖက် အစိုးရ ၂၀၀၈ ခုနှစ်မှာ လက်မှတ်ထိုးခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ အပြီးဆောင်ရွက်ဖို့ လျာထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013