DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ၃ ဦးတွဲအမှု စွဲချက်တင်သင့်မတင်သင့် စက်တင်ဘာ ၂၁ ရက် အမိန့်ချမည်
DVB
·
September 15, 2021
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ၃ ဦးတွဲအမှု စွဲချက်တင်သင့်မတင်သင့် စက်တင်ဘာ ၂၁ ရက် အမိန့်ချမည်
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ သုံးဦးတွဲ အစွဲခံထားရတဲ့ ပုဒ်မ ၅၀၅ (ခ) အမှုကို စွဲချက်တင်သင့်မတင်သင့် စက်တင်ဘာ ၂၁ ရက်နေ့ရုံးချိန်းမှာ တရားရုံးက အမိန့်ချဖို့ရှိနေပါတယ်။ 

စက်တင်ဘာ ၁၄ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်မာရေးပြန်သက်သာလာပြီး ဇမ္ဗူသီရိအထူးတရားရုံး၊ ရုံးချိန်းကို လာရောက်ခဲ့ပါတယ်။ 

စက်တင်ဘာ ၁၃ ရက်နေ့မှာ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ကားမူးပြီး နေထိုင်မကောင်းလို့ တရားရုံးကိုခွင့်တိုင်ပြီး အနားယူခဲ့ရတာပါ။ 

ဒေါ်အောင်ဆန်းစုကြည်နေမကောင်းဖြစ်တာကို စစ်ကောင်စီက တာဝန်ပေးထားတဲ့ဆရာဝန်က ကုသမှုပေးခဲ့တယ်လို့ သိရပါတယ်။ 

စက်တင်ဘာ ၁၄ ရက်နေ့ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတနဲ့ ဒေါက်တာမျိုးအောင်တို့ သုံးဦးတွဲ အစွဲခံထားရတဲ့ ပုဒ်မ ၅၀၅ (ခ) အမှုအတွက် တရားလိုနဲ့တရားပြိုင် အပြန်အလှန်လျှောက်လဲချက်တင်ခဲ့ပြီး စက်တင်ဘာ ၂၁ ရက်နေ့မှာ အမှုကိုစွဲချက် တင်သင့်မတင်သင့် တရားရုံးက အမိန့်ချမယ်လို့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်းကို စွဲဆိုထားတဲ့ သဘာဘေးအန္တရာယ်စီမံခန့်ခွဲရေး ဥပဒေပုဒ်မအတွက်လည်း တရားရုံးက စစ်ဆေးတာတွေပြုလုပ်ခဲ့ပါတယ်။ 

စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအမှု ၅ ခုအတွက် ရှေ့နေတွေကို ပါဝါလွှဲစာမှာ ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ရေးထိုးခဲ့ပါတယ်။ 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအမှု ၅ ခုမှာ လေးမှုက မန္တလေးတိုင်းတရားလွှတ်တော်မှာ စွဲဆိုခဲ့တာဖြစ်ပြီး တစ်မှုကတော့ ရန်ကုန်တိုင်းတရားလွှတ်တော်မှာ စွဲဆိုခဲ့တာဖြစ်ပေမယ့် အမှုတွေကို  နေပြည်တော်မှာပဲစစ်ဆေးဖို့ အလားအလာရှိတယ်လို့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီး စစ်ကောင်စီက ပုဒ်မ ၆ ခုနဲ့တရားစွဲခဲ့တာပါ။ ဇွန်လ ၉ ရက်နေ့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ အမှုထပ်ဖွင့်ခဲ့ပါတယ်။ ဇူလိုင် ၁၂ ရက်နေ့ ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မန္တလေးတိုင်းတရားလွှတ်တော်မှာ အဂတိပုဒ်မ အမှုလေးခုနဲ့ထပ်မံစွဲဆိုခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ အမှုစုစု ပေါင်း ၁၁ မှုအထိရှိနေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013