DVB Logo
Home
နိုင်ငံတကာ
ဖိလစ်ပိုင်နှင့် အမေရိကန်တို့ တပ်ဖွဲ့ဝင်အင်အား ၁၇,၀၀၀ ကျော်ဖြင့်  စစ်ရေးလေ့ကျင့် 
DVB
·
April 28, 2026
Photo: REUTERS/Eloisa Lopez
Photo: REUTERS/Eloisa Lopez
Donate to DVB

ဖိလစ်ပိုင်နဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ ဧပြီ ၂၇ ရက်မှာ နှစ်ပတ်လည် ပူးတွဲစစ်ရေးလေ့ကျင့်မှုရဲ့ တစိတ်တပိုင်းအဖြစ် တောင်တရုတ်ပင်လယ်ကို မျက်နှာမူထားတဲ့ ပါလာဝမ်ကျွန်းပေါ်မှာ ကမ်းတက်စစ်ဆင်ရေးကို တန်ပြန်ရေး တိုက်ရိုက်ပစ်ခတ် လေ့ကျင့်ခဲ့ကြပါတယ်။ 

တပ်ဖွဲ့တွေဟာ အသွင်ယူ ကျူးကျော်မှုကနေ ကျွန်းကို ကာကွယ်ဖို့ ကမ်းရိုးတန်းနားက ပစ်မှတ်တွေကို ရွေ့လျားနိုင်စွမ်းမြင့်တဲ့ ဒုံးအမြောက်စနစ် (HIMARS) ကနေ ဒုံးကျည်တွေ အပါအဝင် လက်နက်အမျိုးမျိုးကို ပစ်ခတ်ခဲ့ကြပါတယ်။

နှစ်စဉ်ကျင်းပနေကျ ဘာလီကာတန်လို့ ခေါ်ပြီး ပခုံးချင်းယှဉ်လို့ အဓိပ္ပာယ်ရတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဧပြီ ၂၀ ရက်ကနေ မေ ၈ ရက်အထိ ကျင်းပမှာဖြစ်ပြီး အခုနှစ်ဟာ ပါဝင်တဲ့နိုင်ငံအရေအတွက် အများဆုံးလည်း ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံက တကျော့ပြန် ပါလာပြီး ကနေဒါ၊ ပြင်သစ်၊ နယူးဇီလန်နဲ့ ဂျပန်တို့က ဖိလစ်ပိုင်အစိုးရရဲ့ လုံခြုံရေးမိတ်ဖက်ကွန်ရက် တိုးချဲ့လာမှုကို မီးမောင်းထိုးပြတဲ့အနေနဲ့ ပထမဆုံးအကြိမ်အဖြစ် တက်တက်ကြွကြွ ပါဝင်လာကြပါတယ်။

အမေရိကန်အစိုးရဟာ အရှေ့အလယ်ပိုင်းမှာ အပြင်းအထန်ပါဝင်နေဆဲ ဖြစ်ပေမဲ့ ကာကွယ်ရေးစာချုပ် ချုပ်ထားတဲ့ မဟာမိတ်အဖြစ် စစ်သည်အင်အား အယောက် ၁၀,၀၀၀ လောက် ပါဝင်လေ့ကျင့်လို့ စုစုပေါင်း တပ်ဖွဲ့ဝင်အင်အား ၁၇,၀၀၀ ကျော် ပါဝင်လေ့ကျင့်နေပါတယ်။

တရုတ်နိုင်ငံက ဖိလစ်ပိုင်ကို မဟာမိတ်တွေနဲ့အတူ ကာကွယ်ရေး လေ့ကျင့်တဲ့အတွက် အကြိမ်ကြိမ် ဝေဖန်ခဲ့ပါတယ်။ ဒီလို လေ့ကျင့်ခန်းတွေဟာ ဒေသတွင်းတင်းမာမှုတွေကို မြင့်တက်စေနိုင်တယ်လို့လည်း ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013