DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်တွင် ပစ်ခတ်မှုများဖြစ်ပြီး ပြည်သူအချို့ ဒဏ်ရာရ၊ နေအိမ်အချို့ ပျက်စီး
DVB
·
September 14, 2021
လွိုင်ကော်တွင် ပစ်ခတ်မှုများဖြစ်ပြီး ပြည်သူအချို့ ဒဏ်ရာရ၊ နေအိမ်အချို့ ပျက်စီး
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်းရှိ ခလရ ၅၄ တပ်နဲ့ စစ်ဆေးရုံအနီးမှာ စက်တင်ဘာ ၁၃ ရက် မနေ့ ညက ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ 

ည ၇ နာရီခွဲလောက်ကစပြီး  ည ၁၁ နာရီလောက်အထိ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်သံကြားခဲ့ရပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွိုင်ကော်ဒေသခံတစ်ဦးက “လွိုင်ကော်မှာ မနေ့ညက  ၅၄ တပ်မှာ  ၇ နာရီလောက်က စပစ်တာ၊ ည ၁၁ နာရီထိုးခါနီးမှ ငြိမ်တယ်”လို့ ပြောပါတယ်။ 

မနေ့ညက ပစ်ခတ်မှုကြောင့်  နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့သလို လူ ၃ ဦး ဒဏ်ရာရရှိကြောင်း သိရပါတယ်။

ဒီနေ့မနက် အစောပိုင်း ၅ နာရီလောက်မှာလည်း ပစ်ခတ်သံတွေကြားရပြီး အခု မနက်  ၁၀ နာရီလောက်အထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်သံတွေ ကြားနေရကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ ခြေလျင်တပ်ကနေ ဖရူဆိုဘက်ကို လှမ်းပစ်နေတဲ့အနေအထားမှာရှိနေကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

NUG အစိုးရက စစ်ကြေညာတဲ့ စက်တင်ဘာလ ၇ ရက်နေ့မှာပဲ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ  စစ်ကောင်စီနဲ့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF၊ KA ပူးပေါင်းတပ်တို့  တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။

စက်တင်ဘာ ၁၁ ရက်ကလည်း ဒီးမော့ဆိုမြို့နယ် ၆ မိုင်ကျေးရွာ ကယောပိုင်းက အသက် ၁၅ နှစ်နဲ့ ၁၆ နှစ်အရွယ် ဖီဒေးလယ်နဲ့ ပါစကွားလယ်တို့ဟာ စစ်ရှောင်ရာကနေ သူတို့နေအိမ်အခြေအနေကို ပြန်ကြည့်ဖို့ ပြန်သွားစဉ် ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီဘက်က   သူတို့ကို သတ်ပစ်လိုက်ပြီလို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် ဒီဗွီဘီက သီးခြား အတည်ပြုနိုင်သေးပါဘူး။ 

အလားတူ  ဒီးမော့ဆိုမြို့နယ် ပါဒေါဒူရွာက အသက်မပြည့်သေးတဲ့ လူငယ် ၂ ယောက် အပါအဝင် ၃ ဦး စက်တင်ဘာ ၁၀ ရက်ကနေ အခုချိန်အထိ ဆက်သွယ်လို့မရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကယားပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ အရှိန်ပြန်မြင့်နေသလို စစ်ကောင်စီဘက်ကလည်း  မြို့‌ပေါ်တံတားတွေ၊ မီးပွိုင့်တွေမှာပါ စစ်ဆေးဖမ်းဆီးတာတွေ လုပ်နေတဲ့အတွက် ဒေသခံတွေအတွက် အစားသောက်နဲ့ ဆေးဝါး ဝယ်ယူရေးမှာ အခက်အခဲ ကြုံနေရပါတယ်။ 

စက်တင်ဘာ ၁၂ ရက်နေ့ကလည်း မိုင်းလုံးရပ်ကွက်မှာ နေထိုင်တဲ့လူငယ်တဦး အိမ်ကနေ မုန့်သွားဝယ်ဖို့ လမ်းထိပ်ထွက်ချိန်မှာ ဖမ်းဆီးခံခဲ့ရပြီး အခုချိန်ထိ ပြန်မလွတ်လာသေးဘူးလို့ မိသားစုဝင်တဦးက ပြောပါတယ်။ အဆိုပါနေ့မှာ  လွိုင်ကော်မြို့တွင်းလူနယ် ၁၁ ဦးခန့် ဖမ်းဆီးခံခဲ့ရပါတယ်။

ကယားပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူ ၁ သိန်းကျော်ရှိနေပြီး စက်တင်ဘာ ၇ ရက်နောက်ပိုင်း တိုက်ပွဲတွေ ထပ်မံပြင်းထန်လာတာကြောင့် ဒီးမော့ဆိုမြို့ အပါအဝင် ကျေးလက်နေပြည်သူတွေ တကျော့ပြန် ထပ်မံထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013