DVB Logo
Home
မြန်မာသတင်း
၄၈ ကြိမ်မြောက် ကုလလူ့အခွင့်အရေးကောင်စီ အစည်းအဝေး မြန်မာကိုယ်စားလှယ်တက်ခွင့်မရ
DVB
·
September 13, 2021
၄၈ ကြိမ်မြောက် ကုလလူ့အခွင့်အရေးကောင်စီ အစည်းအဝေး မြန်မာကိုယ်စားလှယ်တက်ခွင့်မရ
Donate to DVB

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၄၈ ကြိမ်မြောက်ပုံမှန် အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ  ဂျီနီဗာမြို့မှာ စက်တင်ဘာ ၁၃ ရက် ဒီနေ့ စတင် ကျင်းပနေပါတယ်။

ဒီအစည်းအဝေးမှာ ပြီးခဲ့တဲ့စည်းအဝေးဆုံးဖြတ်ချက်အတိုင်း အာဏာသိမ်းစစ်ကောင်စီ ကိုယ်စားလှယ်ကိုရော NUG အစိုးရ ကိုယ်စားလှယ်ကိုပါ  ကုလသမဂ္ဂ အထွေထွညီလာခံက ဆုံးဖြတ်ချက်မချမချင်း   မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ကိုယ်စားပြု တက်ရောက်ခွင့်မပြုသေးပါဘူး။

အောက်တိုဘာ ၈ ရက်အထိကျင်းပမယ့် ဒီအစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံနဲ့ပတ်သက်လို့  ဒီနေ့ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အစီရင်ခံတင်ပြမှု၊ စက်တင်ဘာ ၂၂  ရက်နေ့မှာ ကျင်းပမယ့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစစ်ဆေးရေးအရာရှိ တွမ်အန်ဒရူးရဲ့ တင်ပြမှုနဲ့ စက်တင်ဘာ ၂၃ ရက်မှာ ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရဲ့ တင်ပြမှု အစီအစဉ်တွေရှိတယ်လို့ NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးပါတယ်။ 

လတ်တလော စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ စစ်ကောင်စီတပ်တွေ  နေ့စဥ်ရက်ဆက် ကျူးလွန်နေတဲ့  အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး  NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ အချိန်နဲ့တပြေးညီ ပေးပို့နေသလို သီးသန့်အစီရင်ခံစာတစောင်ကိုလည်း မကြာမီ ဆက်လက်ပေးပို့သွားမယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက သတင်းစကားပါးထားပါတယ်။

မြန်မာနိုင်ငံက တင်သွင်းရမယ့် လူ့အခွင့်အရေးအစီရင်ခံစာ နောက်ဆုံးအဆင့် တင်သွင်းရမယ့် အစီအစဥ် (UPR report) ကတော့ ၂၀၂၂ ခုနှစ် မတ်လမှာ ကျင်းပမယ့် အစည်းအဝေးကို ထပ်မံရွေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

NUG အစိုးရရဲ့ကိုယ်စားလှယ်လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အာဏာသိမ်း စစ်ကောင်စီကိုယ်စားလှယ်တို့အနက် ဘယ်သူ့ကို ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်အဖြစ် ရွေးချယ်မလဲဆိုတာ   စက်တင်ဘာ ၁၄ ရက်နေ့မှာ စတင်ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွညီလာခံကနေ ဆုံးဖြတ်ချက်ချရမှာ ဖြစ်ပါတယ်။

Photo-UN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013