DVB Logo
Home
မြန်မာသတင်း
မြန်မာ့ရွှေဈေး ကျပ် ၈၀,၀၀၀ ခန့် စျေးပြန်ကျလာ
DVB
·
September 13, 2021
မြန်မာ့ရွှေဈေး ကျပ် ၈၀,၀၀၀ ခန့် စျေးပြန်ကျလာ
Donate to DVB

မြန်မာပြည်တွင်း အကယ်ဒမီရွှေစျေးက တကျပ်သားကို ကျပ် ၁၉ သိန်း ၂သောင်း ၂ထောင်အထိ အမြင့်ဆုံးရှိခဲ့ရာကနေ ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာတော့ ကျပ် ၈၀,၀၀၀ လောက် စျေးပြန်ကျလာတယ်လို့ ရွှေရောင်းဝယ်သူတွေထံက သိရပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်က စစ်အာဏာသိမ်းပြီးနောက် ရက်သတ္တပတ်အကြာမှာ ပြည်တွင်း အကယ်ဒမီရွှေစျေးက တကျပ်သားကို ကျပ် ၁၄ သိန်း ၂သောင်း ရှိခဲ့ရာကနေ တရိပ်ရိပ်နဲ့စျေးတက်လာခဲ့ရာ အာဏာသိမ်းပြီး ၇ လအကြာမှာတော့   ၁၉ သိန်း ၂သောင်း ၂ထောင်အထိ အမြင့်ဆုံးရှိခဲ့ပါတယ်။ ရွှေတကျပ်သားကို ကျပ် ၅သိန်း၂ထောင်အထိ တက်သွားတာဖြစ်လို့ ရာခိုင်နှုန်းအားဖြင့် ၇ လ အတောအတွင်းမှာ ၃၅ ရာခိုင်နှုန်းအထိ စျေးတက်သွားတာဖြစ်ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၁၃ ရက် မွန််းလွဲ  ၁ နာရီမှာ ပြည်တွင်းအကယ်ဒမီ ရွှေစျေးက တကျပ်သားကို ၁၈ သိန်း  ၄ သောင်း ၂ ထောင်အထိ စျေးပြန်ကျလာပါတယ်။ 

ရွှေဝယ်ရောင်းလုပ်ကိုင်သူတဦးက “ရွှေစျေးကို တက်မယ်ပြောတဲ့သူ ရှိသလို၊ ကျမယ်လို့ ပြောမယ့်သူလဲရှိတယ်ပေါ့နော်။ ဒါပေမဲ့  တကယ်တမ်းကတော့ နိုင်ငံရေးမတည်ငြိမ်မှုအပေါ်မှာ မူတည်ပြီးတော့ လူတွေက ပိုက်ဆံရှိတဲ့ အသိုင်းအဝန်းတွေက ဒါတွေကို အတင်းလိုက်ဝယ်ကြတာပေါ့။ ဒီအတွက်ကြောင့် ရွှေဈေးက အတက်ကို သွားနေတာပေါ့။ ဒါပေမဲ့ အခုဆိုရင် ပြီးခဲ့တဲ့ရက်က ဒေါ်လာသမားတွေကို နည်းနည်းပြန်ပြီးထိန်းတယ်ဆိုလားပဲ ကြားရလို့ ကျနော် ထင်ပါတယ်။ ဒေါ်လာစျေးလည်း  ပြန်ကျပြီး ရွှေစျေးလဲ ပြန်ကျမှာပါ” လို့ဆိုပါတယ်။

စျေးကွက်စောင့်ကြည့်လေ့လာသူ သုတေသီက “ဒေါ်လာစျေးကျပြီဆိုရင် သူ့အချိုးချ လိုက်ကျသွားမှာပဲ။ ပြည်တွင်းမှာ လူတွေကလည်း လုပ်ငန်းတွေ လည်ပတ်မရတာလည်း ပါတာပေါ့။ တကယ်လို့ လုပ်ငန်းတွေအကုန်လုံး ပြန်လည် လည်ပတ်သွားပြီး လူတွေလည်း စားဝတ်နေရေးချောင်လည်သွားပြီဆိုရင် ရွှေစျေးကလည်း ၁၇ သိန်းခွဲဝန်းကျင် ပုံမှန် ပြန်ရောက်သွားမှာပါ။ လောလောဆယ်တော့ ဒီဟာတွေက ဘာမျှ လည်ပတ်နိုင်တာ မရှိသေးလို့ပါ။ အခုလောလောဆယ်မှာ အပေါ်တက်လိုက်၊ အောက်ဆင်းလိုက် ဖြစ်နေတာပါ။ ဒါပေမဲ့ ကျနော်ထင်ပါတယ်။ ဒီလပါပဲ။ နောက်လတွေဆိုရင်  အကြောင်းကြောင့်ကြောင့် ပြန်ပြီးအေးသွားမှာပါ” လို့ ပြောပါတယ်။

လက်ရှိမှာဆိုရင်လည်း ရန်ကုန်မြို့က အကယ်ဒမီရွှေအတုံးရောင်းဝယ်ရေးစျေးကွက်မှာ အရောင်းအဝယ်က ပြီးခဲ့တဲ့ရက်တွေကလို ဝယ်လိုအားများလို့ အရောင်းဘက်က  အော်ဒါရပ်ရတဲ့ အခြေအနေမျိုးမဟုတ်တော့ပဲ လိုသူရောင်း၊ လိုသူဝယ် ပုံမှန် အခြေအနေလို့ သိရပါတယ်။

ရန်ကုန်ရွှေရောင်းဝယ်ရေးကုန်စည်ဒိုင်မှာ အရောင်းအဝယ်ဖြစ်တဲ့ ရွှေနဲ့ ငွေကြေး ကို သယ်ယူရာမှာ အခက်အခဲမရှိရလေအောင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြီး ရန်ကုန်တိုင်းအတွင်းရှိ အသင်းဝင်များကို ရွှေနဲ့ ကျပ်ငွေ သယ်ယူခွင့် လက်မှတ်တွေ ထုတ်ပေးဖို့အတွက် စက်တင်ဘာ ၁၁ ရက်က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့  အသင်းသားစုံညီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး  ရွှေလုပ်ငန်းရှင်တဦးက “ရွှေ နဲ့ ငွေ သယ်ယူခွင့်က ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းက ထုတ်တာပေါ့။ ဒါကလည်း ရန်ကုန်မြို့ထဲမှာ ရွှေတွေကို ကျနော်တို့ သန့်စင်ခန်းမှာ  ပြန်သန့်စင်ဖို့အတွက် သွားလာတဲ့အခါ ပဲဖြစ်ဖြစ်၊ အရောင်းအဝယ် လုပ်ထားတဲ့ ငွေတွေသယ်ယူတာပဲဖြစ်ဖြစ်ပေါ့။ လမ်းမှာတွေ့တဲ့အချိန်မျိုးမှာ ရှင်းလို့ ရအောင်ဆိုတဲ့ ရည်ရွယ်ချက်ပါ” လို့ ဆိုပါတယ်။

ဒီကနေ့ စက်တာဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီ ကမ္ဘာ့ရွှေစျေးက တအောင်စ ၁၇၉၀ ဒေါ်လာ ရှိပြီး အမေရိကန် တဒေါ်လာ တန်ဖိုးက မြန်မာငွေ ကျပ် ၂၀၂၀ အထိရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013