DVB Logo
Home
မြန်မာသတင်း
မန္တလေး ချမ်းမြသာစည်မြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ခန့် ဖမ်းဆီးရမိ
DVB
·
September 13, 2021
မန္တလေး ချမ်းမြသာစည်မြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ခန့် ဖမ်းဆီးရမိ
Donate to DVB

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၇၃ လမ်း၊ ၁၀၇ လမ်းနဲ့ ၁၀၈လမ်းကြားမှာ စက်တင်ဘာ ၁၁ ရက် ညနေ ၄ နာရီခွဲလောက်က စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကနေ သိရပါတယ်။  

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပူးပေါင်းအဖွဲ့က သတင်းအရ စစ်ဆေးနေစဉ် ၇၃ လမ်းအတိုင်း ဇော်မြင့် (၄၀နှစ်)  မောင်းနှင်ပြီး အောင်ကိုမြတ်(ခ)ချစ်ငယ် (၂၅ နှစ်)  လိုက်ပါလာတဲ့  Mark ll အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရာမှ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့တာပါ။ 

အဲဒီမော်တော်ယာဉ်ကို  ရပ်တန့်စစ်ဆေးစဉ် အောင်ကိုမြတ်(ခ)ချစ်ငယ်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၀၀ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၇၈ သိန်း)နဲ့ လက်ကိုင်ဖုန်း ၁ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တာလို့  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံကနေ  သိရပါတယ်။

အဆိုပါ ဖမ်းဆီးရမိသူ ၂ ဦးကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013