DVB Logo
Home
Lead Story
ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့ ဖွဲ့စည်း
DVB
·
December 18, 2013
ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့ ဖွဲ့စည်း
Donate to DVB

တိုင်းရင်းသားပါတီတွေ အပါအ၀င် ဒီမိုကရက်တစ်ပါတီ ၉ ခု ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့ ဖွဲ့စည်းတည်ထောင်ဖို့ ရန်ကုန်မြို့မှာ ဒီနေ့ ဆွေးနွေး သဘောတူလိုက်ကြပါတယ်။

[caption id="attachment_14297" align="alignright" width="300"]ဦး​ခင်​ေမာင်​ေဆွ (ဓာတ်ပံု - ရိုက်တာ) ဦး​ခင်​ေမာင်​ေဆွ (ဓာတ်ပံု - ရိုက်တာ)[/caption]ပါတီငယ်တွေရဲ့ အခန်းကဏ္ဍတွေ လူထုကြားထဲ အင်နဲ့အားနဲ့ ကျယ်ကျယ်ပြန့်ပြန့် ရောက်သွားအောင်လုပ်ချင်လို့ ဖွဲ့တာဖြစ်ကြောင်း မဟာမိတ်အဖွဲ့ထဲ ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။

အခုဖွဲ့ဖို့ သဘောတူလိုက်ကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်အဖွဲ့ဟာ အရင် ဒီမိုကရက်တစ်ပါတီတွေ စုဖွဲ့ခဲ့တဲ့ ဒီမိုကရေစီ ဆယ်ပါတီ မိတ်ဆွေများအဖွဲ့နဲ့ ဘယ်လို ကွာခြားမှုတွေ ရှိနေသလဲ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဦးခင်မောင်ဆွေကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဖက်ဒရယ်မဟာ မိတ်အဖွဲ့မှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ကရင်ပြည်သူ့ပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ချင်းတိုးတက်ရေးပါတီ နဲ့ ပြည်ထောင်စုတိုင်းရင်းသားများ ညီညွတ်ရေးပါတီတို့ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013